Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

15 Invaluable Laws of Growth

15 Invaluable laws of growth

 

လူတွေဟာ ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြသပေးမယ့်သူ မရှိတဲ့အတွက် သူတို့ဘဝမှာ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အလားအလာရဲ့ ဆယ်ရာခိုင်နှုန်းအထိပဲ ရောက်ကြတယ်လို့ ပညာရှင်တွေက ပြောကြတယ်။

 

အဲဒါကြောင့် အောင်မြင်လိုတဲ့ ခေါင်းဆောင်တစ်ယောက်ဟာ သူ့ကိုယ်သူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့လိုတယ်။

 

ဖွံ့ဖြိုးတိုးတက်လိုတဲ့သူတစ်ယောက်ဟာလည်း ခေါင်းဆောင်မှုကို လေ့လာဖို့ လိုတယ်။

 

ကျွန်တော်တို့ Breakthrough Coaching, Training & Consulting က ပြုလုပ်တဲ့ “15 Invaluable Laws of Growth Program” တွေမှာ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က လာရောက် ဟောပြောပေးခဲ့ပါတယ်။

 

အဲဒီပွဲတစ်ပွဲမှာတုန်းက ဆရာကြီးက ပြောတယ်။

ကိုနိုင်ဝင်းအောင်တို့လုပ်တာ အရမ်းကောင်းတယ်တဲ့။

 

“လူတစ်ယောက်ဟာ Personal Growth မရှိပဲ Leadership ကို လုပ်လို့ မရဘူး။ အဲဒီလိုပဲ Leadership မရှိပဲ Personal Growth ကိုလည်း သွားလို့မရဘူးတဲ့။ အဲဒီ နှစ်ခုဟာ တူတူပဲ သွားတယ်တဲ့”

 

အဲဒါဟာ အရမ်းကိုမှန်ပါတယ်။ ထပ်ပြီး စဉ်းစားရင် Personal Growth ရယ်၊ Leadership Development ရယ် မရှိပဲ Business လည်း Growth မဖြစ်နိုင်ပါဘူး။

 

သင့်စီးပွားရေးလုပ်ငန်းကို တိုးတက်အောင် သင်လုပ်ချင်တယ်၊ အဲဒီလို လုပ်ဖို့လိုအပ်တဲ့ အရည်အချင်းတွေ သင့်မှာ မလုံလောက်ဘူး၊ သင်လူတွေ အများကြီးကို ဦးဆောင်နိုင်ချင်တယ်၊ သင့်မှာ အဲဒီလူတွေကို ဦးဆောင်နိုင်လောက်တဲ့ အရည်အချင်းမရှိဘူး၊ အဲဒီလိုဆိုရင် သင်ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ရှိလာမှာ မဟုတ်တော့ဘူး။

 

သင့်မှာ သင်လက်ရှိ လုပ်ငန်း ဒါမှမဟုတ် အလုပ်အကိုင် ကို ပိုမို တိုးတက်ချင်စိတ်ရှိလိမ့်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။

အဲဒီအတွက် Breakthrough Company Limited ရဲ့ Solution တွေအနေနဲ့ကတော့ သင်လုပ်ရမှာ အဆင့် ၃ ဆင့် ရှိပါတယ်။

1. Grow Your Self (သင့်ကိုယ်သင်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါ)

2. Grow Your People (သင့်ဝန်ထမ်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန်)

3. Grow Your Business (သင့်စီးပွားရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန်)

အထက်ပါအတိုင်း ဆောင်ရွက်နိုင်ဖို့ ပထမဆုံးအနေနဲ့ သင့်ကိုယ်သင်နဲ့ သင့်အကြီးပိုင်းဝန်ထမ်းတွေမှာ အရည်အချင်းတွေ ပိုပြီး ရှိလာအောင် လုပ်ရပါမယ်။

ဒါမှ သင်ဟာ သင့်ဝန်ထမ်းတွေရော၊ သင့်အဖွဲ့အစည်းကိုပါ ဦးဆောင်လာနိုင်မှာပါ။

သင်အခု ရှိနေတဲ့အခြေအနေထက် သင်ပိုပြီး တိုးတက်ချင်ရင် သင့်အရည်အချင်းတွေ ပိုပြီး တိုးတက်အောင် လုပ်ဖို့လိုတယ်။

ဒါ့ကြောင့် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဖြစ်စေ၊ ဖွံ့ဖြိုးတိုးတက်လိုသူ တစ်ဦးအနေနဲ့ဖြစ်စေ John C. Maxwell ရဲ့ Personal Growth က ဘာတွေအကျိုးရှိနိုင်တယ်ဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်။


John C. Maxwell က နာမည်ကျော် အဆိုတော်ဖြစ်ချင်တဲ့သူတစ်ယောက်အကြောင်း ပြောပြတယ်။ ဒါပေမယ့် သူ့ဘဝမှာ သူဖြစ်ချင်တဲ့ အဆိုတော် လုံး၀ မဖြစ်လိုက်ဘူး။ သူ့ရဲ့ ရင်ထဲမှာ သီချင်းတွေနဲ့ သူသေသွားတယ်။ အဲဒါဟာ မပြည့်ဝခဲ့တဲ့ အလားအလာဖြစ်ပါတယ်။

အကယ်၍ သင်ဟာ သင့်ရဲ့ အလားအလာဖြစ်နိုင်ခြေရှိသလောက် မရောက်ခဲ့ဘူးဆိုရင် ရင်ထဲမှာ သီချင်းတွေရှိပြီး ထုတ်မပြလိုက်ရပဲ သေသွားတာနဲ့တူတူပါပဲ။

သင်ဟာ ဒီစာကို ဖတ်နေတဲ့အတွက် သင့်မှာ သင့်အလားအလာရှိသလောက် တိုးတက်အောင် လုပ်ဖို့အတွက် စိတ်ဆန္ဒရှိတယ်ဆိုတာ သေချာပါတယ်။

မေးခွန်းတစ်ချို့ရှိတာက သင်ဘယ်လိုလုပ်မလဲဆိုတာပါ။

အဖြေကတော့ သင့်အရည်အချင်းတွေကို တိုးတက်အောင် လုပ်ဖို့ပါပဲ။ သင့်အလားအလာရှိတဲ့အတိုင်း အမှန်တကယ်ဖြစ်လာဖို့အတွက် သင်တိုးတက်လာဖို့ လိုပါတယ်။

သင့်အနေနဲ့ အဲဒီအတွက် ရည်မှန်းချက် ကြီးကြီးမားမား ရှိဖို့လိုပါတယ်။

အခု ဒီအစီအစဉ်မှာပါတဲ့ အချက်တွေက သင့်ကို ထိုက်တန်တဲ့ တိုးတက်ရာတိုးတက်ကြောင်း ရည်မှန်းချက်ဆီကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာကို ပြသမှာဖြစ်ပါတယ်။

အဲဒါဟာ တစ်ထစ်ချင်း တက်သွားရမယ့် လှေကားထစ်တွေပါပဲ။ ဒါပေမယ့် သင့်အနေနဲ့ တော့ အမှန်တကယ် တိုးတက်လာအောင် အလုပ်လုပ်ရပါမယ်။

သင့်အနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် သင်နေ့စဉ်လုပ်နေတဲ့ အရာတွေကို ပြောင်းလဲရပါမယ်။

ဒီဥပဒေသတွေကို သင်ယူပြီး အမှန်တကယ်လိုက်နာရပါမယ်။ ဒါဆိုရင် သင်ဟာ သင့်ရဲ့အလားအလာရှိတဲ့အထိ ရောက်ရှိဖို့ လမ်းကြောင်းပေါ်ကို ရောက်သွားပါလိမ့်မယ်။

အကယ်၍ သင်ဟာ နှစ်ပေါင်းများစွာ သင်ယူပြီး တိုးတက်အောင် လုပ်မယ်ဆိုရင် အဲဒီ ဥပဒေသတွေဟာ သင့်နဲ့ သင့်လုပ်ငန်း၊ အလုပ်အကိုင်ကို ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးမယ်ဆိုတာကို သင့်ကိုယ်သင် အံ့အားသင့်ရလောက်အောင်ကို ဖြစ်လာပါလိမ့်မယ်။


 

- ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုရည်ရွယ်ချက်တွေရှိသင့်လဲ။

- သင့်ကိုယ်သင် သိအောင် ဘယ်လိုလုပ်မလဲ။

- သင့်တန်ဖိုးကို သင်မြင်လာအောင် ဘယ်လိုလုပ်ရမလဲ။

- သင့်ကိုယ်သင် ဘယ်လို သုံးသပ်မှုတွေ လုပ်ဆောင်သင့်လဲ။

- သင့်အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်တဲ့နေရာမှာ သင်ကိုယ်သင် စည်းကမ်းရှိအောင် ဘယ်လိုလုပ်မလဲ။

- သင့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို သင်ဘယ်လိုရနိုင်မလဲ။

- ဘယ်လို နည်းလမ်းတွေက သင့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမလဲ။

- မကောင်းတဲ့အတွေ့အကြုံတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။

- သင့်ရဲ့ အကျင့်စရိုက်ကို ဘယ်လိုထိန်းသိမ်းသင့်လဲ။

- ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သင့်ရဲ့ အားအင်ကို ဘယ်လောက်အထိ အစွမ်းကုန်ထုတ်သုံးသင့်လဲ။

- သင့်ရဲ့တိုးတက်မှုအတွက် သင့်ဘာတွေကို စွန့်လွှတ်အနစ်နာခံသင့်လဲ။

- သင့်ကိုယ်သင် ဘယ်လိုမေးခွန်းတွေကို မေးသင့်သလဲ။

- သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ဘယ်သူတွေဆီကနေ ဘယ်လို နမူနာတွေ ယူသင့်သလဲ။

- သင့်ရဲ့ လုပ်နိုင်စွမ်းတွေကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်သင့်လဲ။

- သင့်ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကနေ သင့်ပတ်ဝန်းကျင်က လူတွေကို သင်ဘာတွေ ကူညီနိုင်မလဲ။

အထက်ပါ သင်ခန်းစာများကို အကြိမ်ကြိမ် ပြန်လည်သုံးသပ်ပြီး သင့်ဘဝရဲ့ ဖြစ်တန်စွမ်းရှိသလောက်အထိ ရောက်သည်အထိ ကြိုးစားပါ။ သင့်လုပ်ငန်းရဲ့ အမြင့်ဆုံးအလားအလာအထိ အောင်မြင်အောင် လုပ်ပါ။ လူအများလေးစားရတဲ့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင် လုပ်ပါ။


 

အကယ်၍ သင့်အနေနဲ့ အထက်ပါ သင်ခန်းစာများကို အခြေခံ၍ သင့်လုပ်ငန်း၊ သင့်အလုပ်အကိုင်၊ သင့်ဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ်အသုံးပြုနိုင်သော Action Plan များကို ရရှိသည်အထိ အသေးစိတ် လေ့လာသင်ယူလိုပါက မြန်မာနိုင်ငံတွင် ပထမဆုံး Certified John Maxwell Coach, Trainer & Speaker နှင့် International Coach Federation မှ အသိအမှတ်ပြုသော Professional Coach ဖြစ်သည့် U Naing Win Aung (Executive Coach & Leadership Development Facilitator) သင်ကြားပေးမည့် 15 Invaluable Laws of Growth 2 days Program ကို တက်ရောက်နိုင်ပါတယ်။


ယခုအစီအစဉ်ကို တက်ရောက်ပြီးပါက

- သင့်အနေနှင့် သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် အကြောင်းရင်းများကို သိရှိလာမည်။

- လိုအပ်သော ထားရှိရမည့် စိတ်နေသဘောထားများကို သိရှိလာမည်။

- နေ့စဉ်မှန်မှန် လုပ်ဆောင်သွားသင့်သော အကြောင်းရင်းများကို သိရှိလာမည်။

- လူအများ ဖွံ့ဖြိုးတိုးတက်မှုဖြစ်မလာရသော အကြောင်းရင်းများကို သိရှိလာမည်။

- ရည်မှန်းချက်အပေါ်မူတည်၍ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သောကဏ္ဍများကို သင်ကိုယ်တိုင်ရှာဖွေ တွေ့ရှိလာမည်။

- Role Model များရှာဖွေ၍ ၎င်းတို့ကို အတုယူနိုင်သော နည်းစနစ်များကို သိရှိလာမည်။

- အားသာချက်များ၊ အားနည်းချက်များကို သင်ကိုယ်တိုင် သိရှိလာမည်။

- လောကဓံတရားရဲ့ ရိုက်ခတ်မှုမှ နာကျင်မှုတွေကို ကျော်ဖြတ်ပြီး ပိုမိုရင့်ကျက်လာအောင် လုပ်ဆောင်နိုင်သော နည်းများကို သိရှိလာမည်။

များစွာသော သင်ခန်းစာများကို သင့်ရင်ထဲ၊ သင့်အတွေးထဲကနေ တစ်ဆင့် ဘဝတွင် အသုံးချနိုင်အောင်ပါ သင်ကြားပေးမည် ဖြစ်သည်။

အကယ်၍ သင်ဟာ လုပ်ငန်းရှင်တစ်ဦးဖြစ်ရင်ဖြစ်မယ်၊ ဝန်ထမ်းတစ်ဦးဖြစ်ရင် ဖြစ်မယ်၊ Professional တစ်ဦး ဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် သင့်ဘဝမှာ ဝါသနာပါတာ တစ်ခုခုကို ဇောက်ချလုပ်ဖို့ ရည်ရွယ်သူဖြစ်ရင် ဖြစ်မယ်။ သင်ဘာကိုပဲ ရည်ရွယ်သည်ဖြစ်ပါစေ၊ သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်လိုတယ်ဆိုရင် ဒီအစီအစဉ်ဟာ သင်မဖြစ်မနေ တက်ရောက်သင့်တဲ့ အစီအစဉ် ဖြစ်ပါတယ်။


 

Breakthrough Coaching, Training & Consulting ရဲ့ 15 Invaluable Laws of Growth Program ကို တက်ရောက်သူအချို့ ၏ Feedback များ

 

မိမိလုပ်ငန်း၊ ဘဝအတွက် လုံးဝ လက်တွေ့ကျပြီး လိုက်နာလေ့ကျင့် ဆောင်ရွက်လျှင် အကျိုးများနိုင်ကြောင်း ကို ခံစားနားလည်ပြီး အင်အားများရရှိ လာသည်ဟု ခံစားမိသော သင်တန်းဖြစ်ပါတယ်။

 

U Aung Naing Myint

Shwe Moe Trading (မြန်မာနိုင်ငံ လက်လီရောင်း ချသူများအသင်း မန္တလေးတိုင်းဒေသကြီး)

 

 

ကိုယ်ရဲ့ အားနည်းချက်၊ အားသာချက်ဆိုတာ သိထားမှ ကိုယ်အောင်မြင်ဖို့ ဘာတွေလိုအပ် နေတယ်၊ အဲဒီအရာ တွေဖြည့်ရမယ်ဆိုတာ သိလာမယ်။ ဒါမှ အောင်မြင်မယ်။ ကိုယ်အောင် မြင်မှ တခြားသူတွေ အောင်မြင်အောင် လုပ်ပေးနိုင်မယ်ဆိုတာ သိလာတယ်။ ကိုယ့်ကိုကိုယ် ပိုမြင်လာပါတယ်။

 

U Tin Lin Aung

Operation Manager

Ayarwaddy Rive View Hotel

 

15 Laws of Growth ကတော့ Leadership ရဲ့ Foundation ဆိုလဲ ပြောလို့ရပါတယ်။ အဲတော့ ဘယ်နေရာမှာမဆို တကယ်သာကျင့်မယ်၊ လုပ်မယ်ဆိုရင် သေချာပေါက် အသုံးဝင်ပြီး အောင်မြင်မှာ သေချာပြီးသားပါ။

 

U Sai Song Hlaing Khay

Director

Nway Oo (Centre-3) Hospital & Diagnostic Centre

 

မိမိတိုးတက်ဖို့ မည်သူမဆိုတက်သင့်တဲ့ Workshop တစ်ခုဖြစ်ပါတယ်။ မိမိတို့ ပတ်ဝန်းကျင်ကိုလည်း မျှဝေနိုင်ပြီး ယခုလို သင်တန်းများများ တိုးတက်လာစေချင်ပါတယ်။

 

U Phyo Zayar Aung

Director

New Hope Project Computer Service Co., Ltd

 

ကိုယ့်ကိုယ်ကို Leadership skill, management skill တက်လာအောင် ၁၅ ခုစလုံးကနေ တစ်မျိုးစီ ထင်ထင်ရှားရှား သိလာမြင်လာပါတယ်။

 

Daw Khin Hnin Nway

Owner

Brave Heart Land Co., Ltd.

 

ဆက်တိုက်တိုးတက်ဖွံ့ဖြိုးစေသော စွမ်းအားများရရှိပါသည်။ အမှန်တကယ် အသုံးချနိုင်ပြီး ရာနှုန်းပြည့် နားလည်သဘောပေါက်သဖြင့် မိမိနှင့် မိမိအဖွဲ့အစည်း၊ ပတ်ဝန်းကျင်အတွက် များစွာအကျိုးရှိစေပါတယ်ဗျာ။

 

U Min Han

Managing Director

DG Plastic & General Trading Co., Ltd.

 

 

မည်သူမဆို လက်တွေ့အသုံးချနိုင်သော သင်တန်းများကို နှစ်သက်ကြသလို သင်လည်း တူတူပဲ ဖြစ်မှာ သေချာပါသည်။ သင်သာ လက်တွေ့မဆန်သော သင်တန်းများကို ငြီးငွေ့နေပြီး အမှန်တကယ်အသုံးချနိုင်သော ဗဟုသုတများကို လေ့လာလိုသူဖြစ်ပါက ယခုအစီအစဉ်ဟာ သင့်အတွက်ဆိုတာ သေချာပါတယ်။

ယခုအစီအစဉ်ကို တက်ရောက်ခြင်းဖြင့် သင့်ဘဝနဲ့ လုပ်ငန်းတိုးတက်မှုအတွက် အကောင်းဆုံး ပြင်ဆင်မှုတစ်ရပ် ဖြစ်လာအောင် ဆောင်ရွက်နိုင်ပါသည်။

သင့်အနေနှင့် သင်တန်းတက်ရောက်ပြီး လက်တွေ့လုပ်ဆောင်ရမည့် အချက်များကို လိုက်နာဆောင်ရွက်သွားပါက နောက် ၃ နှစ်မှ ၅ နှစ်ကြာသည့်အချိန်တွင် ယခုအစီအစဉ်ကို တက်ရောက်ရန် သင်၏ ဆုံးဖြတ်ချက်သည် သင့်ဘဝအတွက် အမြဲတမ်း အမှတ်ရနေစရာ ဖြစ်နေပါလိမ့်မည်။

15 Invaluable Laws of Growth 2 days Program ကို အပ်နံှနိုင်ရန်အတွက် 

Breakthrough Company Limited
No. (24/26), (6-F) Floor, Race Course Condo, South Race Course Street, Tamwe Township, Yangon.
Phone: +959 765 222 103

ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.