Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

Personal Breakthrough Coaching

Personal Breakthrough Coaching

 

Your inner world creates your outer world.

သင့်ရဲ့ အတွင်းကမ္ဘာက သင့်ရဲ့အပြင်ကမ္ဘာကြီးကို ဖန်တီးပါတယ်။

 

လူသားများဟာ စိတ်ထဲမှာ ရှိတဲ့အတိုင်း အပြင်မှာ လုပ်ဆောင်ကြပါတယ်။

လူအများစုလက်ခံထားကြတဲ့အတိုင်း စိတ်မှာ သိစိတ် Conscious Mind နဲ့  မသိစိတ် Unconscious Mind ဆိုပြီး ရှိတာမှာ Unconscious Mind က ကိုယ်ကိုယ်တိုင်မသိနိုင်ပေမယ့် ပိုပြီး စိုးမိုးပါတယ်။ 90% က Unconscious mind နဲ့ 10% က Conscious Mind လို့ ဆိုကြပါတယ်။ သိစိတ်ဆိုတာ ရေခဲတောင်ရဲ့ အချွန်းနဲ့တူပြီး မသိစိတ်ဆိုတာ ရေခဲတောင်ရဲ့ ရေထဲနစ်မြှုပ်နေတဲ့ အပိုင်းနဲ့ တူပါတယ်။

ဥပမာ - မနက်ခင်းနေထွက်တဲ့အချိန်က စပြီး ကျွန်တော်တို့ အလင်းရောင်ရတယ်၊ အားအင်တွေရတယ်၊ နွေးထွေးမှုတွေ ရတယ်။ အကယ်၍ တိမ်ထူထပ်တဲ့နေ့တွေမှာဆိုရင် တိမ်တွေကွယ်သွားတဲ့အတွက် နေမင်းကြီးဆီကနေ ရသင့်သလောက် အားအင်တွေ မရနိုင်တော့ဘူး။

လူတွေမှာလည်း ဒီလိုပဲ ဖြစ်ချင်တာတွေ ဖြစ်မလာအောင် တားဆီးထားတဲ့စိတ်ခံစားချက် ၄ မျိုးရှိတယ်။ အထူးသဖြင့် အဲဒါတွေဟာ မသိစိတ်မှာ အခြေခံတယ်။ အဲဒါတွေ ရှိတဲ့အတွက် လူတွေမှာ သူတို့ စွမ်းဆောင်ချင်တဲ့အတိုင်း ဖြစ်အောင် မလုပ်နိုင်ကြဘူး။

အဲဒီ စိတ်ခံစားချက် ၄ ခုကတော့

၁) Limiting Belief (မိမိကိုယ်ကိုယ်ယုံကြည်မှု အားနည်းခြင်း)

၂) Negative Emotion (အတိတ်မှ မကောင်းတဲ့ ခံစားချက်များ ရှိခြင်း)

၃) Negative Thoughts (အပျက်သဘောဆောင်တဲ့ အတွေးများ ရှိခြင်း)

၄) Inner Conflict (ဟိုဟာ ရွေးချယ်ရမလို ဒီဟာကို ရွေးချယ်ရမလို ဖြစ်ပြီး မည်သည့်အရာကိုမှ ထိထိရောက်ရောက် မလုပ်နိုင်ခြင်း)

ဒီစိတ်တွေကို မဖယ်ရှားနိုင်တာကြောင့် လူအများဟာ သူတို့ဘဝမှာ ဖြစ်တန်စွမ်းရှိသလောက် မြင့်တက်သင့်သလောက် မမြင့်တက်နိုင်ကြပါဘူး။

စီးပွားရေး၊ အလုပ်အကိုင်နဲ့ ဆက်ဆံရေးများအပါအဝင် ကိုယ့်ဘဝရဲ့ ဘယ်ကဏ္ဍမှာမဆို အောင်မြင်ဖို့အတွက် နေရဲ့ အလင်းရောင်နဲ့ စွမ်းအင်တွေကို ကာကွယ်ထားတဲ့ တိမ်တိုက်လေးခုကို ဖယ်ရှားရသလိုပဲ လူတိုင်းလိုလိုမှာ ရှိနေတဲ့ Limiting Belief, Negative Emotion, Negative Thoughts and Inner Conflict တွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။

 

• Limiting Belief ကို New Empowering Belief ဖြင့် အစားထိုးရန်၊

• Negative Emotion များကို Positive Learning ဖြင့် အစားထိုးရန်၊

• Negative Thoughts များကို Positive Thinking ဖြင့် အစားထိုးရန်၊

• Inner Conflict များကို Value Re-realignment ဖြင့် အစားထိုးရန် ဖြစ်ပါသည်။

 

အဲဒီ Limiting Belief, Negative Emotion, Negative Thoughts နှင့် Inner Conflict များကို ဖယ်ရှားပြီးရင်တော့ မှောင်မည်းတဲ့ညတွေကနေ တောက်ပတဲ့နေ့သစ်တွေကို ပိုင်ဆိုင်နိုင်ပါပြီ။

 

Is it good to let go of your PAST and create a new FUTURE?

အတိတ်ကိုထားခဲ့၍ အနာဂါတ်ကို ဖန်တီးတာဟာ ကောင်းမွန်တယ်လို့ သင်ထင်ပါသလား။

 

အကယ်၍ မိတ်ဆွေသာ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး အခုနကပြောခဲ့တဲ့ စိတ်ခံစားမှုတွေရှိတယ်၊ အနာဂါတ်ကိုလည်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးချင်တယ်၊ အဲဒီအတွက်လည်း Professional NLP Master Coach တစ်ဦးအတွက် လိုအပ်တဲ့ Investment ကို လုပ်နိုင်တယ်ဆိုရင် ဒီအစီအစဉ်ဟာ သင့်အတွက် အကျိုးရှိနိုင်ပါတယ်။

 

စီးပွားရေးလုပ်ငန်းရှင်များအတွက် 1 by 1 NLP Breakthrough Coaching အစီအစဉ်

 

1) သင့်အနေနဲ့  စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ ဖြစ်စေ၊ Personal ဘဝတွင် ဖြစ်စေ ကြောက်ရွံ့စိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရုန်းကန်နေရခြင်း၊

2) သင့်ကိုယ်သင် မယုံကြည်မှု (Limiting Belief)၊ စိတ်မချမှု (Insecurity) တွေကြောင့် ခိုင်မာတဲ့ ဆုံးဖြတ်ချက် (Decision) တွေ ချပြီး သင့်အတွက် အကောင်းဆုံးအခြေအနေတွေကို ရယူဖို့ အခက်အခဲတွေ ရှိနေခြင်း၊

3) သင့်အနေနဲ့ လွယ်လွယ်ကူကူ ဒေါသထွက်ခြင်း၊ အချိန်အတန်ကြာ ဝမ်းနည်းကြေကွဲနေခြင်း၊ အမှားတစ်ခုခုကြောင့် သင့်ကိုယ်သင် အပြစ်တင်နေခြင်း တို့ကြောင့် စိတ်ပင်ပန်းနေရခြင်း၊

4) အတိတ်မှာ ဖြစ်ခဲ့သော ကိစ္စတစ်ခုခုကို စိတ်ထဲကနေ ရုန်းမထွက်နိုင်ခြင်းကြောင့် ပိတ်မိသလို ခံစားနေရခြင်း၊

5) သင့်အနေနဲ့ တစ်ခုခုကို ဆောင်ရွက်ဖို့ နှောင့်နှေးကြန့်ကြာခြင်း၊ ကိုယ့်အတွက် အကျိုးမရှိတာတွေ လုပ်မိနေခြင်းတို့ ကို ကြုံတွေ့နေရခြင်း၊

မှ အောက်ပါအချက်များအတိုင်း ဖြစ်လာမယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။

 

• သင့်အတွက် နက်နက်ရှိုင်းရှိုင်း ဖြစ်နေသော အဓိကပြဿနာများနှင့် ရည်ရွယ်ချက်များကို Personal History Questionnaire များမေး၍ ရှာဖွေဖော်ထုတ်ပေးခြင်း၊

• သင်၏ မသိစိတ်ထဲတွင် အတိတ်ကာလနှင့် ပတ်သက်၍ ရှိနေသော မကောင်းသည့် စိတ်ခံစားချက် (Negative Emotion) များကို ရှာဖွေဖော်ထုတ်၍ အနာဂါတ်တွင် အကျိုးရှိစေမည့် အပြုသဘော သင်ခန်းစာများ အဖြစ် ပြောင်းလဲခြင်းဖြင့် ငြိမ်းချမ်းမှုရရှိစေခြင်း၊

• သင်၏ စိတ်ထဲတွင် ရွေးချယ်ရခက်ခြင်းကြောင့် ဖြစ်ပေါ်လာသော Inner Conflict များကို Parts Integration နည်းလမ်းဖြင့် Value- Realignment ပြုလုပ်ပေးခြင်းဖြင့် ဖယ်ရှားပေးပြီး သင့်ဘဝ၏ ပိုမိုမြင့်မားသော ရည်ရွယ်ချက်ကို သိရှိစေခြင်းနှင့် နက်နက်ရှိုင်းရှိုင်း ငြိမ်းချမ်းမှုကိုရရှိစေခြင်း၊

• သင့်ကိုယ်သင် မယုံကြည်မှု Limiting Belief များကို ဖယ်ရှားပေးခြင်းဖြင့် သင်၏ ရည်ရွယ်ချက်ကို အရယူနိုင်ရန် ပံ့ပိုးပေးနိုင်ခြင်း၊

• အနာဂါတ်ကာလအတွက် သင်ဖြစ်ချင်သော ရည်မှန်းချက်ကို SMART Goal အဖြစ် သတ်မှတ်ပြီး စနစ်တကျ အရယူနိုင်မည့် Action Plan များ ချမှတ်ရာတွင် ပံ့ပိုးပေးခြင်း။

 

အထက်ပါ အစီအစဉ်များအတွက်  NLP Master Coaching Technique, Time Line Therapy Technique များကို အဓိက အသုံးပြုသွားမည် ဖြစ်သည်။

ယခု NLP Personal Breakthrough Coaching Program သည် အနည်းဆုံး ၁၂ နာရီမှ ၁၅ နာရီအထိ ကြာမြင့်မည် ဖြစ်ပြီး အချိန်ကာလအားဖြင့် Coaching Session ၃ ကြိမ် မှ ၄ ကြိမ်အထိယူကာ စတင်သည့်ရက်မှ တစ်ပတ်အတွင်း ဆောင်ရွက်မည် ဖြစ်သည်။

အချိန်အတိုင်းအတာအရ တစ်လတွင် Client ၄ ဦး၊ ၅ ဦးသာ လက်ခံနိုင်ပါသဖြင့် စိတ်ပါဝင်စားပါက naingwinag08@gmail.com သို့ အမည်၊ ဖုန်းနံပါတ်၊ လုပ်ငန်းအမည်၊ ဆွေးနွေးလိုသော အကြောင်းအရာတို့ကို ပေးပို့၍ Breakthrough Coaching Session အတွက် Coaching Fees နှင့် မိတ်ဆွေနှင့် သင့်တော်မှု ရှိ၊ မရှိ ကို စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ NLP Coaching သည် လူသာမန်တို့တွင် ရှိတတ်သော မကောင်းသည့် စိတ်ခံစားချက်များကို ၎င်းတို့ ကိုယ်တိုင် ကျော်လွှားပြီး ရည်ရွယ်သော ပန်းတိုင်ကို ရရှိစေရန် ကူညီ ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှင်များအတွက် မဟုတ်ပါ။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.