Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

Neuro Linguistic Programming

Neuro Linguistic Programming

 

NLP Practitioner

 

Neuro Linguistic Programming (NLP) ဆိုတာဘာလဲ။

Neuro ဆိုသည်မှာ ကမ္ဘာကြီးနှင့် ဆက်သွယ်ရာတွင် ကျွနု်ပ်တို့အသုံးပြုသော အဆင်း၊ အသံ၊ အထိ၊ အနံ့၊ အရသာ စသော အာရုံ ၅ ပါးတို့ကို ဆိုလိုခြင်းဖြစ်သည်။

Linguistic ဆိုသည်မှာ အထက်ဖော်ပြပါ အာရုံ ၅ ပါးကို အသုံးပြု၍ ပုံဖော်ကြည့်ခြင်း၊ ကြားယောင်ကြည့်ခြင်း၊ ခံစားကြည့်ခြင်း၊ အနံ့ခံကြည့်ခြင်း၊ အရသာခံကြည့်ခြင်း တို့ကိုဆိုလိုပါသည်။

ဥပမာ ပန်းသီးကို စိတ်ထဲမြင်ကြည့်ပါ။

Programming ဆိုသည်မှာ နိစ္စဓူ၀ ကျွန်ုပ်တို့လည်ပတ်နေသောပုံစံဖြစ်ပါသည်။

NLP Model of Communication ကို နားလည်ခြင်းဖြင့် ကျွနု်ပ်တို့၏ တွေးပံုံ၊ ခံစားပုံနှင့် အမူအကျင့်များကို ပြန်လည်အစီအစဉ်ချနိုင်ပါသည်။ NLP သည် သင့်အား သင့်ဘ၀ ဇာတ်ကားကို စီစဉ်ရိုက်ကူးသော ဒါရိုက်တာဖြစ်ခွင့်ပြုပါသည်။ ထို့အပြင် အခြားသူများ မည်သို့တွေးသည်ခေါ်သည်ကို နားလည်ခြင်းဖြင့် ၎င်းတို့အား မည်သို့ စိတ်အားတက်ကြွလာအောင် ဆောင်ရွက်ရမည်ကို နားလည်လာပါမည်။

NLP Practitioner Program သည် သင့်ဘဝနှင့် အခြားသူများကို ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေမည့် ကျွမ်းကျင်မှုအရည်အချင်းများ၊ လက်တွေ့အသုံးပြုနည်းလမ်းများ၊ လုပ်ငန်းစဉ်များ၊ Tools များကို စုစည်းထားခြင်းဖြစ်ပါသည်။

NLP သည် ကျွနု်ပ်တို့၏ စိတ်ကို ပြုပြင်သည့်အရာများကို ကျွနု်ပ်တို့ကိုယ်တိုင်စောင့်ကြည့်လေ့လာနိုင်ရန် အထောက်အကူပြုပါသည်။ ကျွနု်ပ်တို့၏ သိစိတ်တွင် အသစ်ရရှိလာမည့် အသိဉာဏ်များနှင့်အတူ ကျွန်ုပ်တို့ဘဝ၏ မည်သည့်ဧရိယာတွင်မဆို ကြီးမားသောပျော်ရွှင်မှု အောင်မြင်မှုများကို ရရှိနိုင်ရန်အတွက် လုပ်ဆောင်ရမည့် NLP လုပ်ငန်းစဉ်များအတိုင်း ကျွန်ုပ်တို့၏ မသိစိတ်ကို ပြန်လည်ပြုပြင်နိုင်ရန် လမ်းညွှန်ပေးပါသည်။

ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ

 

၁။ NLP Top Coach မှ အာမခံနိုင်သော ရလာဒ်

သင့်ဘဝတွင် ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု၊ ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ ခံစားမှုကို ထိန်းချုပ်နိုင်စွမ်း အစရှိသည့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာမည်။ သင့်အနေနှင့် သင်၏ Software ကို မည်သို့ Re-program လုပ်ရမည်ကို နားလည်လာသည်နှင့် အမ ျှ သင့်ဘဝ၏ ကဏ္ဍအသီးသီးတွင် အောင်မြင်မှုသည် တမဟုတ်ချင်း ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်။ သင့်အနေနှင့် ကောင်းမွန်စွာ လိုက်ပါ သင်ယူခြင်း၊ လိုက်နာကျင့်သုံးခြင်းဖြင့် ယခုသင်တန်းတွင် သင်ရင်းနှီးမြှုပ်နှံထားသည့် အရင်းအနှီးကို ပြန်လည် ရရှိရန် အာမခံသည်။

၂။ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သင့်ကိုယ်သင် ပြန်လည်ရှာဖွေခြင်း၊

သင့်ကိုယ်သင်သိရှိလာအောင် ဆောင်ရွက်သည့် ခရီးစဉ်ပိုမိုနက်ရှိုင်းလာသည်နှင့် အမ ျှ သင်သည် အလွန်အမင်း အားစိုက်ရန် မလိုပဲ ကောင်းမွန်သော ဆက်ဆံရေးနှင့် ယုံကြည်မှုကို တည်ဆောက်လာနိုင်မည်။ စိတ်ခံစားမှုများကို ဖွင့်ထုတ်မှုအရေးပါနှင့် အပြုသဘောဆောင်သော စိတ်နေသဘောထား၏ လ ျှို့ဝှက်ချက်များကို သင်ယူလေ့လာနိုင်မည်။

၃။ လုပ်ပိုင်ခွင့်ပေးအပ်ခြင်း၊ စိတ်အားတက်ကြွစေခြင်း၊ လှုံ့ဆော်ပေးခြင်း။

သင်ကိုယ်သင် ထိန်းချုပ်လာနိုင်သည်နှင့် အမ ျှ သင်ဟာ အခြားသူများအတွက် စိတ်အားတက်ကြွမှုပေးသည့်သူ တစ်ဦးဖြစ်လာပါမည်။ NLP နှင့် အသုံးချနည်းလမ်းများကို သိရှိလာသည်နှင့် အမ ျှ သင်သည် အခြားသူများကို ၎င်းတို့၏ အကောင်းဆုံးအခြေအနေများ ဖြစ်လာစေရန် Coach လုပ်ပေးလာနိုင်မည်။ သင်အလေးအနက်ထားသောသူများကို ၎င်းတို့၏ အတားအဆီးများကို ဖယ်ရှားပေးခြင်း၊ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းမွန်စွာ နေထိုင်နိုင်ရန် နည်းလမ်းများကို ပြသခြင်းဖြင့် စိတ်အားတက်ကြွစေခြင်း၊ လှုံ့ဆော်ပေးခြင်းတို့ကို ဆောင်ရွက်လာနိုင်မည်။

သင်၏ဘဝတွင် မည်သူနှင့်မဆို ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်လာနိုင်မည်။ အခြားသူများအကြောင်းကို ပိုမိုနားလည်လာခြင်းဖြင့် ၎င်းတို့အပေါ် ကိုယ်ချင်းစာစိတ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး တွေးခေါ်ပုံလမ်းစဉ်များကိုလည်း နားလည်လာပါမည်။

၄။ ဘဝအခက်အခဲများကို ကျော်လွှားခြင်း

သင်၏ ပြဿနာများ အားလုံးကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို သိရှိလာမည်။ ဒေါသ၊ ဝမ်းနည်းမှု၊ ကြေကွဲမှု အစရှိသော မကောင်းသော စိတ်ခံစားမှု ဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားလာနိုင်မည်။ သင့်ဘဝတွင် ငွေရေးကြေးရေးနှင့် ပတ်သက်၍ ထပ်မံစိတ်ပူပန်ရန် မလိုအပ်တော့သည်အထိ ပြည့်စုံမှုကို မည်သို့ဖန်တီးလာနိုင်မည်ကို သင်ယူနိုင်မည်။ သင်၏ EQ တိုးတက်လာမည်ဖြစ်သဖြင့် သင့်အနီးတွင်ရှိသော မည်သူနှင့်မဆို ကောင်းမွန်စွာ ဆက်ဆံလာနိုင်ပြီး သြဇာတည်ဆောက်လာနိုင်မည်။

၅။ ကမ္ဘာ့အဆင့်မှီ Coach တစ်ဦးဖြစ်လာစေခြင်း။

သင်ရရှိလာမည့် နိုင်ငံတကာအသိအမှတ်ပြု Certificate ၃ ခုနှင့် Bonus Certificate များ ဟာ အာရှတွင် သင်လေ့လာနိုင်သော အကောင်ဆုံးထဲမှာ ပါဝင်ပါတယ်။ သင်အကောင်းဆုံး ဖြစ်လာဖို့အတွက် သင့်အနေနဲ့ အကောင်းဆုံးဆီကနေ သင်ယူရမှာဖြစ်ပြီး အဲဒါဟာ သင့်အနေနဲ့  Mr.Sebastien Leblond ထံကနေ မေ ျှာ်မှန်းနိုင်တဲ့အရာ ဖြစ်ပါတယ်။

 

တက်ရောက်သင့်သောသူများ

၁။ CEO, Senior Executive, Head of Department, HR Manager, Sales Manager, Training Manager, Consultant, Teachers

သင်တန်းပြီးတဲ့အချိန်မှာ သင်ဟာ သင်ရဲ့ဘဝနဲ့ စီးပွားရေးလုပ်ငန်းမှာ အသုံးပြုနိုင်ရန် ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေ၊ နည်းလမ်းတွေ၊ အသုံးချ နည်းစနစ်တွေ ရရှိမှာဖြစ်ပါတယ်။

၂။ Professional Coach, Consultant, Mentor နှင့် Training Career ကို စတင်လိုသူများ

ကမ္ဘာ့အဆင့်မှီ Coach နှင့် Trainer များ ဖြစ်သော Tony Robbins, Tad James နှင့် Sebastien Leblond တို့ကဲ့သို့ သောသူများ၏ အောင်မြင်မှုများကို နမူနာယူနိုင်မည်။ သင်၏ Client များကို ၎င်းတို့၏ စိတ်အားထက်သန်မှုနှင့် စိတ်အားတက်ကြွမှုတို့ကို ရှာဖွေနိုင်စေရန် ကူညီပေးခြင်းဖြင့် ရေရှည်တည်တံ့သော ပြောင်းလဲမှုများကို ဖန်တီးပေးလာနိုင်စေမည်။

၃။ ကိုယ်ရေးကိုယ်တာဘဝနှင့် သက်မွေးမှုလုပ်ငန်းဘဝကို တိုးတက်လိုသောသူများအားလုံး

သင်ခန်းစာများကို နက်နက်ရှိုင်းရှိုင်းနားလည်လာခြင်းဖြင့် သင်ဟာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဆက်နွယ်မှုများကို ပိုမိုမြင့်မားသောအဆင့်တစ်ခုရောက်ရှိအောင် မြှင့်တင်လာနိုင်ပါမည်။ အလုပ်အကိုင်အားဖြင့် သင်ရဲ့အရည်အချင်းအသစ်များဟာ သင့်ရဲ့စွမ်းဆောင်ရည်များကို မြင့်တက်လာစေပြီး သင်လုပ်ကိုင်နေသော Project များကို ပိုမိုတိုးတက်စေကာ ရာထူးအခွင့်အလမ်း၊ စီးပွားရေးအခွင့်အလမ်းများမှာ ပိုမိုအောင်မြင်လာစေမည် ဖြစ်ပါသည်။

သင်တန်းအစီအစဉ်ကို ခြုံငုံတင်ပြခြင်း

ယခု ၆ ရက် Certification သင်တန်းအစီအစဉ်သည် သင့်အား NLP technique နှင့် skill များကို သိစိတ်တွင်သာမက မသိစိတ်တွင်ပါ တတ်မြောက်သွားစေရန် စနစ်တကျပြင်ဆင်ထားပါသည်။ အသုံးချရမည့် Tool, Technique နှင့် Process များအားလုံးသည် အတွေ့အကြုံမှတစ်ဆင့်လေ့လာခြင်း၊ နားလည်သဘောပေါက်ခြင်းကို ရရှိစေမည့် Format ပုံစံအတိုင်း စီစဉ်ထားပါသည်။

နည်းလမ်းတစ်ခုချင်းစီအား သီအိုရီအရ လေ့လာခြင်း၊ လက်တွေ့ လုပ်ဆောင်ပြခြင်း၊ ကိုယ်တိုင်လက်တွေ့ အသုံးချကြည့်ခြင်း၊ မိမိအတွေ့အကြုံပေါ်တွင် ဆွေးနွေးခြင်းနှင့် အမေးအဖြေပြုလုပ်ခြင်းတို့ဖြင့် ပို့ချသွားပါမည်။ ဒါ့အပြင် ကျွမ်းကျင်မှုအသစ်များကို လေ့လာရင်း သင့်ကိုအောင်မြင်မှုကို ရရှိခြင်းမှ ဟန့်တားနေသော သင့်ကိုယ်သင် မယုံမကြည်ဖြစ်နေသောအချက်များနှင့် မကောင်းသော စိတ်ခံစားချက်များကို ဖော်ထုတ်ဖယ်ရှားလာနိုင်ပါမည်။ အဲဒါကြောင့် အဲဒီအချိန်ဟာ သင့်အောင်မြင်မှုနဲ့ ပျော်ရွှင်မှုများကို ရရှိစေမယ့် စွမ်းအားများကို ဖွင့်ထုတ်ရမယ့် အချိန်ပါပဲ။

Day 1 – 3

အဆင့်မြင့် ဆက်သွယ်ပြောဆိုမှုနှင့် ခေါင်းဆောင်မှု အရည်အချင်းများကို သင်ယူခြင်း။

ခေါင်းဆောင်မှုနှင့် ပြောဆိုဆက်ဆံမှုတို့အတွက် မရှိမဖြစ်လိုအပ်သော အရည်အချင်းများကို ကျွမ်းကျင်လာစေရန် လက်တွေ့အသုံးချသောနည်းစနစ်ဖြင့် သင်ယူရပါမည်။ ယခု ၃ ရက်သည် အတွေးများကိုဖြစ်စေသော စိတ်သဘောတရားကို နက်နက်ရှိုင်းရှိုင်းနားလည်ခြင်းဖြင့် အောင်မြင်မှုအတွက် အုတ်မြစ်ချနိုင်ရန် ရည်ရွယ်ပါသည်။

Day 4-5

သင်၏ သိစိတ်နှင့် မသိစိတ်တို့ကို ပြန်လည်ပြင်ဆင်ခြင်း။

ဒီနှစ်ရက်အတွင်းမှာသော သင်ဟာ သင့်ရဲ့စိတ်ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ပြီး သင့်ကိုရှေ့သို့ မတိုးရန် တားဆီးနေသော မသိစိတ်မှ အမှုအကျင့်များကို ဖော်ထုတ်၍ ဖယ်ရှားပစ်ရပါမည်။ အဲဒီနောက်  အကန့်အသတ်မဲ့သော အောင်မြင်မှုကို ရရှိနိုင်စွမ်းရှိစေရန်အတွက် သင့်ရဲ့စိတ်ကို ပြန်လည်ပြင်ဆင် (Re-program) လုပ်ရပါမည်။

Day 6

Time Line Therapy, Coaching Criteria & Assessment

မကောင်းသော စိတ်ခံစားမှုတို့ကို ဖယ်ရှားရာတွင် အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး သင်နေထိုင်လိုသောဘဝတွင် နေနိုင်ရန်အတွက် အစီအစဉ်များချမှတ်လာနိုင်ပါမည်။ သင်လေ့လာထားသော ပညာရပ်အသစ်များအားလုံးကို စုပေါင်း၍ သင့်ကိုယ်သင့်အပြင် အခြားသူများကိုပါ ကူညီလာနိုင်ပါမည်။

Triple Certification + Bonus Hypnotherapy Certification

Certification Number 1

NLP Practitioner Certification

ဒီ Certification ကို ကမ္ဘာ့အကြီးဆုံး NLP Authority ဖြစ်သော American Board of NLP (NLP) မှ အသိအမှတ်ပြု ရရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ဖြစ်ပြီး သင့်အား NLP နည်းလမ်းများကို Coaching, Training, Corporate or Personal Development ကဏ္ဍများတွင် အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ ဒီ Certification ဟာ Advanced Communication, Soft Skill & Leadership Techniques များကို စုပေါင်းထားသော Tool kit လည်း ဖြစ်ပါတယ်။

Certification Number 2

Time Line Therapy

ဒီ Certification ကို ကမ္ဘာ့အကြီးဆုံး Time Line Therapy Organization (TLTA) မှ အသိအမှတ်ပြုပေးအပ်မှာ ဖြစ်ပါတယ်။ ဒီ Certification ကို နိုင်ငံတကာမှ အသိအမှတ်ပြုပြီး မကောင်းသော စိတ်ခံစားချက်များကို ဖယ်ရှားပေးနိုင်သော ကောင်းမွန်သည့် နည်းလမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။ ဒီနည်းလမ်းကို Coaching နှင့် ကုထုံးဆိုင်ရာ ကဏ္ဍများတွင် အသုံးပြုကြပါတယ်။ 

ယခုနည်းလမ်းဟာ မသိစိတ်အဆင့်ကို အချိန်ကြာကြာ ပြောင်းလဲနိုင်သော အဆင့်အထိ အသုံးပြုနိုင်ပါတယ်။

Certification Number 3

NLP Coaching Certification

ဒီ Certification ကို ကမ္ဘာ့အကြီးဆုံး NLP အဖွဲ့အစည်းဖြစ်သော ABNLP ၏ Coaching Division မှ ပေးအပ်ပါတယ်။ အဓိကကျတဲ့ ဒီ Certification ဟာ သင်တန်းသားတွေကို Coaching သဘောသဘာဝများကို သင်ကြားပေးနိုင်ရန် စီစဉ်ထားပါတယ်။ ဒါဟာ သင်တန်းသားတွေကို NLP Tools တွေကို Coaching, Mentoring နှင့် Leadership ကဏ္ဍတွေမှာ ဘယ်လိုလက်တွေ့အသုံးချရမယ်ဆိုတာကို သင်ကြားနိုင်ရန် ရည်ရွယ်ပါတယ်။ ဒါဟာ အောင်မြင်သော Professional Life Coach နှင့် Executive Coach အလုပ် ဖြင့် အသက်မွေးလိုသူများအတွက် ပထမဆုံးခြေလှမ်းလည်း ဖြစ်ပါသည်။

Course Outline

Day 1: Self Awareness & Connection

NLP ၏ သမိုင်းကြောင်းကို လေ့လာခြင်းနှင့် အထိရောက်ဆုံးပြောဆိုဆက်ဆံခြင်း၏ အခြေခံများကို လေ့လာသင်ယူရပါမည်။ မိမိအတွေးနှင့် ခံစားမှုများကို ဘယ်လိုပြုပြင်တယ်ဆိုတာကို သေချာနားလည်သဘောပေါက်ရန်နှင့် အခြားသူများကို စာနာနားလည်ခြင်း၊ မိမိကိုယ်ကိုယ်ပိုမိုနားလည်လာခြင်းဟူသော တံခါးများကို ဖွင့်လှစ်လာနိုင်ရန် ဖြစ်ပါသည်။ သင်နှင့် တွေ့ဆုံသော မည်သူနှင့်မဆို နားလည်မှု၊ သစ္စာရှိမှု၊ ယုံကြည်မှုတို့ကို နက်နက်ရှိုင်းရှိုင်းတည်ဆောက်လာနိုင်ရန် သင့်အား စနစ်တကျအရည်အချင်းများ မြင့်တက်လာစေရန် ကူညီပေးမှာဖြစ်ပါသည်။

Day 2: Unlock the Power of Perception

ကမ္ဘာကြီးကို အမြင်သစ်ဖြင့် မြင်လာနိုင်ရန် သင်၏ စိတ်ကို ဖွင့်လှစ်လာနိုင်ပါမည်။ သင့်ကို တားဆီးထားသော အချုပ်အနှောင်များကို ဖြည်၍ မကောင်းသော စိတ်ခံစားမှုများသော ကောင်းသော လေ့လာသင်ကြားမှုများအဖြစ် အသွင်ပြောင်းလဲလာနိုင်ပါမည်။ သင်၏ မသိစိတ်ကို ဖွင့်လှစ်၍ သင်ကြားရေးလမ်းစဉ်ကို အရှိန်မြှင့်ကာ သင်၏ဘဝကို သင်ကိုယ်တိုင်ဦးဆောင်လာနိုင်မည့် New Empowering Beliefs ကို ရရှိလာပါမည်။

Day 3: Ultimate Influence

သင်၏ဘဝကို ပြောင်းလဲစေနိုင်မည့် အသိစိတ်အခြေခံသော ဘာသာစကားကို သင်ယူရပါမည်။ သင့်ကိုယ်ကိုယ် Re-Program ချခြင်းကြောင့် သင်၏ပတ်ဝန်းကျင်မှသူများကို ပိုမိုသြဇာရှိလာမည်ဖြစ်ပြီး Language Pattern အသစ်များနှင့် စဉ်းစားပုံအသစ်များသည် ခေါင်းဆောင်မှုနှင့် အခြားသူများအား စိတ်အားတက်ကြွလာစေရန် ပြုလုပ်ခြင်းများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ သင်သည် သင်၏ဘဝနှင့် စီးပွားရေး လုပ်ငန်းများတွင် ပိုမိုမြင့်မားသောရည်မှန်းချက်များကို ရရှိစေနိုင်မည့် Ultimate Success Formula ကိုလည်း သင်ယူရမည်ဖြစ်ပါသည်။

Day 4: Positive Thinking & Reprogramming

ကျွနု်ပ်တို့၏ မသိစိတ်တွင် သီးခြားဘာသာစကားရှိပါသည်။ ယခု သင်သည် သင်၏ သိစိတ်နှင့် မသိစိတ်တို့အကြားဆက်သွယ်သောပေါင်းကူးတံတားကို တည်ဆောက်နိုင်မည့် လ ျှို့ဝှက်ချက်များကို သင်ကြားခွင့်ရရှိပါမည်။ သင်သည် သင့်အားလုံးဝအထောက်အကူမဖြစ်သော မကောင်းသည့်အမူအကျင့်များကို ဖယ်ရှားလာနိုင်မည့်အပြင် ကောင်းမွန်သောအမူအကျင့်အသစ်များကို သိစိတ်တွင်ရော မသိစိတ်တွင်ပါ ဖန်တီးလာနိုင်ပါမည်။

Day 5: Motivational Coaching

အောင်မြင်သော Coaching ရဲ့ အဓိက သော့ချက်မှာ မိမိ၏ စိတ်အခြေအနေကို ပြည့်ဝတဲ့အခြေအနေမှာ ရှိနေဖို့ဖြစ်ပါသည်။ ဒီစိတ်အခြေအနေကို ခလုတ်တစ်ခုလို အဖွင့်အပိတ်လုပ်နိုင်ဖို့ လိုပါသည်။ သင်ဟာ သင့်ကိုယ်သင် စိတ်အားတက်ကြွအောင် လုပ်နိုင်သည့် နည်းစနစ်များကို ကျွမ်းကျင်လာသည်နှင့် တစ်ပြိုင်နက် စိတ်ဓါတ်ကို အမြင့်ဆုံးရောက်ရှိအောင် မြှင့်တင်နိုင်မည့် အရည်အချင်းရှိလာပါမည်။ သင်ဟာ သင့်ကိုယ်သင်ရော သင့်လုပ်ငန်းမှလက်ဖော်ကိုင်ဖက်များ၊ သင်ဂရုစိုက်သောသူများ အားလုံးကို ပိုမိုတိုးတက်ရန် စိတ်အားတက်ကြွအောင် ပြုလုပ်လာနိုင်မည့်အပြင် Coaching ပါလုပ်နိုင်လာပါမည်။ NLP Tools များကို Coaching ကဏ္ဍတွင် မည်သို့အသုံးပြုရမည်ကို လေ့လာခွင့်ရမည်ဖြစ်ပြီး သင်၏ Clients နှင့် Team ကို မည်သို့ ဦးဆောင်၍ Motivate လုပ်ရမည်ကို သင်ကြားရမည့်အပြင် NLP Coaching Certification ကိုပါ ရရှိပါမည်။

Day 6: Creating Your New Life

အတိတ်မှ မကောင်းသော စိတ်ခံစားချက်များကို ဖယ်ရှားရာတွင် အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုမှာ Time Line Therapy  ဖြစ်ပါသည်။ စိတ်ထဲတွင် အတိတ်မှ မလိုအပ်တော့သောအရာများကို ရှင်းလင်းဖယ်ရှားပြီး ၎င်းစိတ်ခံစားမှုများမှ သင့်အတွက် အနာဂါတ်တွင် တန်ဖိုးရှိမည့် သင်ခန်းစာများကို လေ့လာသင်ယူလာနိုင်ပါမည်။ နောက်ဆုံးမှာတော့ လေ့လာသင်ယူမှုများအားလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစည်း၍ သင်၏ အခြားသူများနှင့် ရင်းနှီးဆက်နွယ်မှု၊ စိတ်ခံစားမှု၊ ငွေကြေး၊ စီးပွားရေးနှင့် အောင်မြင်မှုများအပါအဝင် ဘဝတစ်ခုလုံးတွင် အသုံးပြုနိုင်ရန် အဆင်သင့်ဖြစ်လာပါမည်။

NLP Practitioner Program ကို လာရောက် သင်ကြားပေးမည့် Sebestien Leblond, Author, International Speaker, Master Coach ၏ ကိုယ်ရေးအကျဉ်း

Sebestien Leblond သည် Author, Speaker နှင့် Master Coach အဖြစ် အလွန် အသိအမှတ်ပြုမှုကိုရရှိပြီး လူထောင်ပေါင်းများစွာနှင့် Company များစွာကို ပိုမိုမြင့်မားသော ရည်မှန်းချက်များကို ရရှိစေရန် သင်ကြားပေးခဲ့ပါသည်။ NLP Training နှင့် Results Coaching ကဏ္ဍများမှာ  ဆယ်နှစ်ကျော် အတွေ့အကြုံရှိခဲ့ပြီး သူ၏ ရည်ရွယ်ချက်မှာ လူပေါင်းများစွာ၏ ဘဝများတွင် ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ အလုပ်အကိုင်နှင့် စီးပွားရေး၊ ကျန်းမာရေး၊ ငွေကြေးစသော ကဏ္ဍများတွင် စွမ်းဆောင်ရည်များကို မြင့်တက်လာစေရန်ဖြစ်ပါသည်။ Sebestien Leblond သည် ကမ္ဘာပေါ်တွင် ၁၂ ဦးသာရှိသော၊ American Board of NLP အသိအမှတ်ပြု Certified NLP Master Trainer ထဲတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး သင်တန်းသားများစွာကို NLP Practitioner, NLP Master Practitioner နှင့် Life Coach, Executive Coach များ ဖြစ်လာစေရန် Workshop များ၊ Executive Coaching အစီအစဉ်များဖြင့် ပြုလုပ်ပေးလျက်ရှိပြီး Coaching နှင့် Training Company ဖြစ်သည့် ဘန်ကောက်မြို့အခြေစိုက် NLP Top Coach ၏ President အဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ NLP for Education, Sales, Presentation Skills, leadership development, Soft skills, EQ အစရှိသော Seminar များစွာကိုလည်း ပြုလုပ်ပေးလျက်ရှိပါသည်။

သူသည် ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး Motivational Speaker နှင့် Coach ဖြစ်သည့် Tony Robbins နှင့် နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါသည်။ သူသည် American Board of NLP, TLT Association နှင့် Michael Bloduc International တို့မှ အသိအမှတ်ပြုထားသော Certified Master Trainer in NLP, Certified Trainer in Hypnosis, Time Line Therapy, and Coach လည်း ဖြစ်ပါသည်။ သူသည် Total Financial F.R.E.E.D.O.M. System Book ၏ စာရေးဆရာလည်း ဖြစ်ပါသည်။ Sebestien Leblond သည် The Bangkok Post, The Guru Magazine, Edulife Magazine များတွင် မကြာခဏ ဖော်ပြခြင်းခံရပြီး PTT, Chevron, Forensics Bureau, Wall Street English အစရှိသော နာမည်ကြီး Company များကို ပိုမိုမြင့်မားသော အောင်မြင်မှုများ ရရှိစေရန် ကူညီခဲ့သူဖြစ်ပါသည်။ သူသည် သင့်အား ဘဝတွင် ပိုမိုအောင်မြင်ပျော်ရွှင်စေရေးနှင့် သင့်လုပ်ငန်းအား ပိုမိုတိုးတက်အောင်မြင်စေရန်အတွက် အရည်အချင်း အပြည့်အဝရှိသူလည်း ဖြစ်ပါသည်။

NLP Practitioner & Coaching 6 Days Program ကို ၂၀၁၇ ဖေဖေါ်ဝါရီလ ၄ ရက်မှ ၉  ရက်အထိ ရန်ကုန်မြို့တွင် ဖွင့်လှစ်ပါမည်။ ၎င်းသင်တန်းကို ထိုင်းနိုင်ငံတွင် တက်ရောက်ပါက ၂၃ သိန်းဝန်းကျင် ကျသင့်မည် ဖြစ်ပြီး နေထိုင်စရိတ်နှင့် ခရီးစရိတ်များပါ ကုန်ကျမည်ဖြစ်ပါသည်။ ယခုရန်ကုန်မြို့တွင် ဒုတိယ အကြိမ် ဖွင့်လှစ်မည် ဖြစ်သည့်အတွက် သင်တန်းကြေးကို ကျပ်သိန်း ၂၀ တိတိ သတ်မှတ်ထားပြီး ဇန်နဝါရီလ ၁၅ ရက်မတိုင်ခင် သင်တန်းအပ်သူများ အတွက် ၁၇ သိန်းခွဲတိတိသာ ကျသင့်ပါမည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက

Breakthrough Company Limited
No. (24/26), (6-F) Floor, Race Course Condo, South Race Course Street, Tamwe Township, Yangon.
Phone: +959 765 222 103

သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ ယခုသင်တန်းသည် တက်ရောက်နိုင်ပါက သင်တန်းသား၏ စီးပွားရေး၊ အလုပ်အကိုင်အတွက်သာမက ဘဝတစ်ခုလုံးအတွက်ပါ အကျိုးရှိမည်မှာ သေချာပါသည်။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.