"ခေါင်းဆောင်မှုအရည်အချင်းသည် လူတိုင်းနှင့် ဆိုင်ပါသလား"
"သင်၏ ခေါင်းဆောင်မှုအရည်အချင်းသည် သင်နှင့် သင့်အလုပ်အပေါ် သက်ရောက်မှုရှိပါသလား"
"ငယ်ရွယ်သူများ ခေါင်းဆောင်မှုကို လေ့လာသင့်ပါသလား"
အထက်ပါ မေးခွန်းအားလုံးအတွက် "Yes" ဆိုင်ပါသည်၊ သက်ရောက်မှုရှိပါသည်၊ လေ့လာသင့်ပါသည် ဟုသာ ဖြေရပါမည်။
အဓိက အကြောင်းရင်းကတော့ Everything Rises and Falls on Leadership ဆိုတဲ့အတိုင်း သင်၏ အောင်မြင်မှု၊ သင့်လုပ်ငန်း၊ သင့်အလုပ်၏ အောင်မြင်မှုတို့အားလုံးသည် သင်၏ ခေါင်းဆောင်နိုင်မှု အရည်အချင်းများ အပေါ်တွင် မူတည်နေ၍ ဖြစ်ပါသည်။
"ခေါင်းဆောင်ဖြစ်ရန် လုပ်ငန်းရှင်ဖြစ်ရန် လိုပါသလား၊ ရာထူးကြီးရန် လိုပါသလား"
ဟု မေးလ ျှင်တော့ မလိုပါဟုသာ ဖြေရပါမည်။
အဘယ်ကြောင့်ဆိုသော် "The True Measure of Leadership is Influence - Nothing More, Nothing Less" ဆိုသည့်အတိုင်း ခေါင်းဆောင်နိုင်မှုကို တိုင်းတာနိုင်သည့် အစစ်မှန်ဆုံးသောအရာသည် သြဇာရှိမှုပင်ဖြစ်သည်၊ ဒီထက်ပို၍လည်း ဘာမှမရှိ၊ လျော့၍လည်း ဘာမှမရှိပါ။
Leadership Ability Determines a Person’s Level of Effectiveness.
သင်၏ ခေါင်းဆောင်မှုအရည်အချင်းသည် သင်ဘယ်လောက် ထိထိရောက်ရောက်လုပ်နိုင်မည်ကို ဆုံးဖြတ်ပါသည်။
သင်၏ ခေါင်းဆောင်မှုအရည်အချင်းမြင့်နိမ့်လ ျှင် သင့်အဖွဲ့အစည်း၏ ထိရောက်မှုအဆင့်လည်း နိမ့်မည်၊ သင်၏ ခေါင်းဆောင်မှု အရည်အချင်း မြင့်လ ျှင် သင့်အဖွဲ့အစည်း၏ ထိရောက်မှုအဆင့်လည်း မြင့်မည်။
လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်ခန့်က John C.Maxwell သည် Global Hospitality Resources, Inc., မှ Chairman Don Stephenson နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံ နေ့လည်စာ စားရင်း သူ၏ အဖွဲ့အစည်းအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။ သူသည် ယခုအချိန်တွင် အကြံပေးလုပ်ငန်းကိုသာ အဓိကထား၍ လုပ်ဆောင်နေသူ ဖြစ်ပါသည်။ ၎င်းအချိန်ကမူ သူ၏ လုပ်ငန်းသည် စီးပွားရေးအရ တွက်ခြေမကိုက်တော့သော ဟိုတယ်နှင့် အပန်းဖြေစခန်းများ၏ စီမံခန့်ခွဲမှုကို လွှဲယူခဲ့ပါသည်။
Don ၏ လူများအနေနှင့် လွှဲပြောင်းရယူမည့် အဖွဲ့အစည်းကို သွားသောအခါတိုင်းတွင် စတင်လုပ်ဆောင်သော အချက် ၂ ချက်ရှိပါသည်။
ပထမအချက်မှာ စားသုံးသူများအား ပေးအပ်သော ဝန်ထမ်းများ၏ ဝန်ဆောင်မှုအဆင့်ကို မြင့်တက်လာအောင် သင်ကြားပေးခြင်းနှင့် ဒုတိယအချက်မှာ ထိုမအောင်မမြင်ဖြစ်နေသော အဖွဲ့အစည်း၏ ခေါင်းဆောင်အား ဖယ်ရှားခြင်းတို့ ဖြစ်ပါသည်။
ထိုအချက်ကို ကြားသောအခါ John C.Maxwell သည် အလွန်အံ့အားသင့်ပါသည်။ ထိုသို့အမြဲပြုလုပ်သလားဟု Don ကို မေးသောအခါ အမြဲပြုလုပ်သည်ဟု ဖြေပါသည်။
ထိုအခါ John က Don အား ထိုသို့ဖယ်ရှားခံရမည့် ခေါင်းဆောင်အကြောင်းကို သူ၏ လူများကို မေးမြန်းခြင်း မပြုဘူးလားဟု မေးမြန်းရာတွင် Don ပြန်ဖြေကြားသော အဖြေမှာ စိတ်ဝင်စားစရာကောင်းပါသည်။
“If he’d been a good leader, the organisation wouldn’t be in the mess it’s in.”
“အကယ်၍ အဲဒီလူသာ ခေါင်းဆောင်ကောင်းဖြစ်မယ်ဆိုရင် သူ၏ အဖွဲ့အစည်းသည် ယခုလိုဖြစ်မည်မဟုတ်ပါ” ဟူ၍ ဖြစ်ပါသည်။
ကိုယ်ရေးကိုယ်တာ ဘဝတွင် ဖြစ်စေ၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက်ဖြစ်စေ၊ လုပ်ငန်း သို့မဟုတ် အလုပ်တွင်ဖြစ်စေ သင်၏ ထိရောက်စွာလုပ်ဆောင်နိုင်မှုကို မြင့်တက်လိုပါလ ျှင် သင်၏ ခေါင်းဆောင်မှုအရည်အချင်းကို မြှင့်တင်ရန် လိုအပ်ပါသည်။
အလွန်ကောင်းသောအချက်တစ်ခုမှာ သင်၏ ခေါင်းဆောင်မှုအရည်အချင်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်သော နည်းလမ်း ရှိနေခြင်း ဖြစ်ပါသည်။
သင်၏ ခေါင်းဆောင်မှု အရည်အချင်းများကို နောက်တစ်ဆင့်သို့ မြင့်တက်စေရန် Certified John Maxwell Trainer, Speaker, and Coach ဖြစ်သော ဦးနိုင်ဝင်းအောင် (Executive Coach) အနေနှင့် Leadership Guru ဖြစ်ပြီး New York Times Best - Selling Author လည်း ဖြစ်သော John C.Maxwell ၏ အနှစ်လေးဆယ်ကျော် ခေါင်းဆောင်မှုတွင် အောင်မြင်မှုများ၊ မအောင်မြင်မှုများကို မ ျှဝေထားသည့် 21 Irrefutable Laws of Leadership” 10th Anniversary Edition စာအုပ်သင်ရိုးအတိုင်း သင်ကြားပေးမည့် 2 Days Leadership Training ကို တက်ရောက်နိုင်ပါသည်။
Follow these Laws and People will Follow You.
ယခုသင်တန်းကို တက်ရောက်သင့်သောသူများမှာ
- ကိုယ်ပိုင်စီးပွားရေးတွင် ထိထိရောက်ရောက် ခေါင်းဆောင်လိုသော Business Owner များ၊ MD များ၊ ဒါရိုက်တာများ၊
- လုပ်ငန်းခွင်အတွင်း အဖွဲ့သားများကို ခေါင်းဆောင်နိုင်မှုအရည်အချင်းများကို ပိုမိုတိုးတက်လိုသော General Manager များ၊ Department Head များ၊ Manager များ၊ Supervisor များ၊ ခေါင်းဆောင်ငယ်များ၊
- ခေါင်းဆောင်မှုအရည်အချင်းများကို တိုးတက်အောင် စိတ်ဆန္ဒပြင်းပြသူ မည်သူမဆို တက်ရောက်သင့်ပါသည်။
- သင်သည် ယခုမှ ခေါင်းဆောင်မှုကို စတင်လေ့လာမည့်သူဖြစ်ပါက ယခုသင်တန်းသည် သင်၏ ခေါင်းဆောင်မှုအရည်အချင်းကို အချိန်တိုအတွင်းများစွာ တိုးတက်လာစေမည် ဖြစ်ပြီး သင်သည် ရာထူးကြီးကြီးတွင် ခေါင်းဆောင်နေသူဖြစ်ပါက ပိုမိုထိရောက်စွာ ခေါင်းဆောင်လာနိုင်မည် ဖြစ်သည်။
“ငြင်းပယ်၍ မရနိုင်သော ခေါင်းဆောင်မှု ဥပဒေသ ၂၁ ချက်”
"21 Irrefutable Laws of LEADERSHIP"
------------------------------------
Everything rises and falls on leadership.
အရာအားလုံးဟာ ခေါင်းဆောင်မှုအပေါ်မှာ မူတည်၍ မြင့်တက်ကြ နိမ့်ကျကြပါတယ်။
Law 1: The Law of Lid
လူတစ်ယောက် ဒါမှမဟုတ် သူ့ရဲ့ ဌာန အဖွဲ့အစည်းဟာ သူ့ရဲ့ခေါင်းဆောင်မှု အရည်အချင်းရှိသလောက်သာ အောင်မြင်မှုကို ရရှိနိုင်ပါတယ်။ သူ့ရဲ့အလုပ်အရည်အချင်း ဘယ်လောက်ရှိရှိ ခေါင်းဆောင်မှု အရည်အချင်းနိမ့်ရင် Effectiveness ကလည်း နိမ့်နေမှာဖြစ်ပါတယ်။
Law 2: The Law of Influence
The true measure of leadership is influence, nothing more, nothing less
ခေါင်းဆောင်မှုအရည်အချင်းကိုသိချင်ရင် လူတွေကို ဘယ်လောက်သြဇာရှိသလဲဆိုတာနဲ့သာ တိုင်းတာနိုင်ပါတယ်။ ဒါ့အပြင် ဘာမှမရှိပါဘူး။
ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ အယူအဆအမှားအယွင်း ငါးခုရှိတယ်၊ Management နဲ့ Leadership ကို တူတူပဲ ထင်ကြတတ်ကြတာ၊ ပညာတတ်သူ၊ ဗဟုသုတများသူနဲ့ ဘွဲ့တွေ ဒီဂရီတွေရှိတဲ့သူတွေကို Leader လို့ ထင်တတ်ကြတာ၊ ရှေ့ဆုံးရောက်နေတဲ့သူကို Leader လို့ ထင်တတ်တာ၊ ရာထူးကြီးကြီးရှိတဲ့သူကို Leader လို့ယူဆတာ စတာတွေ ဖြစ်ပါတယ်။
အရေးကြီးတာက သူဘယ်သူလဲ၊ ဘယ်သူတွေကို သိလဲ၊ ဘာတွေသိလဲ၊ ဘယ်လိုခံစားတတ်လဲ၊ ဘာအတွေ့အကြုံတွေရှိလဲ၊ အရင်က ဘာတွေ အောင်မြင်ခဲ့လဲ၊ ဘာတွေလုပ်နိုင်လည်း ဆိုတာတွေပါ။
Law 3: The Law of Process
ခေါင်းဆောင်မှုအရည်အချင်းတက်လာဖို့ တစ်ရက်တည်းလုပ်လို့ မရပါဘူး။ နေ့တိုင်းလုပ်သွားရမှာ ဖြစ်ပါတယ်။ အဆင့်ငါးဆင့်ရှိပါတယ်။ သူဘာတွေ မသိဘူးလဲဆိုတာ သူမသိဘူး။ သူမသိဘူးဆိုတာကို သူသိလာတယ်။ သူမတတ်သေးတာတွေကို သူတတ်လာတယ်။ တတ်လာတာနဲ့အမျှ စပြီး ကျင့်သုံးလာတယ်။ သူအလိုလိုနေရင်း ခေါင်းဆောင်တတ်လာတယ်။
Law 4: The Law of Navigation
သင်္ဘောစတီယာရင်ကို ဘယ်သူမဆိုကိုင်လို့ရပါတယ်။ ဒါပေမယ့် ဘယ်ကိုဘယ်လိုသွားရမယ် ဘာတွေ ဘယ်အချိန်မှာ ပြင်ဆင်ရမယ်ဆိုတာ ပြသမယ့် လမ်းပြ ခေါင်းဆောင်လိုပါတယ်။ ခေါင်းဆောင်တွေဟာ ဘာတွေလုပ်ရမယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ထားတယ်။ ဘာတွေလိုချင်လဲ သတ်မှတ်ထားတယ်။ ဦးစားပေး အစီအစဉ်ဆွဲတယ်။ အဓိကကျတဲ့သူတွေကို စည်းရုံးတယ်။ လက်ခံလာဖို့အတွက် အချိန်ယူတယ်။ ရှေ့ဆုံးက ဦးဆောင်တယ်။ ပြဿနာတွေဖြစ်လာမှာကို ကြိုတင်မျှော်လင့်ထားတယ်။ အောင်မြင်ဖို့ကို အမြဲတမ်းလမ်းပြနိုင်တယ်။ အစီအစဉ်တွေကို နေ့စဉ် ပြန်လည်သုံးသပ်တယ်။
Law 5: The Law of Addition
ခေါင်းဆောင်ဟာ သူရဲ့လူတွေကို Value တက်လာအောင် လုပ်ပေးသူသာ ဖြစ်ရပါမယ်။ Value ကျဆင်းအောင် လုပ်သူ မဖြစ်ရပါဘူး။ အခြားသူတွေကို တန်ဖိုးထားခြင်းဖြင့် value add လုပ်တယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးတက်အောင် လုပ်ခြင်းဖြင့် အခြားသူတွေကို value add လုပ်တယ်။ အခြားသူတွေ ဘာကိုတန်ဖိုးထားတယ်ဆိုတာ သိခြင်းဖြင့် value add လုပ်တယ်။ သက်ဆိုင်ရာဘာသာတရားရဲ့ တန်ဖိုးထားတာတွေကို လုပ်ခြင်းဖြင့် Value Add လုပ်တယ်။
Law 6: The Law of Solid Ground
ခေါင်းဆောင်တိုင်းရဲ့ အိတ်ကပ်ထဲမှာ ပိုက်ဆံတွေရှိပါတယ်။ မှန်တာများရင် ပိုက်ဆံတွေများလာပြီး မှားတာများရင် နည်းသွားတတ်ပါတယ်။ ခေါင်းဆောင်ကို ယုံကြည်မှုမရှိတော့ရင် ဘာမှ လုပ်လို့ မရတော့ပါဘူး။
ခေါင်းဆောင်တစ်ယောက်ရဲ့အကျင့်စရိုက်ဟာ ယုံကြည်မှုကို မြင့်တက်လာစေပြီး ယုံကြည်မှုမြင့်တက်လာခြင်းဟာ ခေါင်းဆောင်မှုကို မြင့်တက်စေပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်ဟာ နောက်လိုက်များအနေနဲ့ ဘယ်လောက်မှီခိုအားထာနိုင်မလဲဆိုတာကို သိရှိလာစေပါတယ်။ ကိုယ့်ရဲ့ အကျင့်စရိုက်ရှိသလောက်ထက် ပိုပြီး မြင့်မြင့်မရောက်နိုင်ပါဘူး။ ကိုယ့်လိုလားချက်နဲ့ အဖွဲ့အစည်းယှဉ်လ ျှင် အဖွဲ့အစည်းကို ဦးစားပေးတတ်ပြီး မှားလ ျှင် ဝန်ခံတတ်ပါတယ်။ ကိုယ်နဲ့ ဆက်ဆံရတဲ့သူတိုင်းနဲ့ ယုံကြည်မှုတည်ဆောက်ပါ။
Law 7: The Law of Respect
လူတွေဟာ ပုံမှန်အားဖြင့် သူတို့ထက် ခေါင်းဆောင်မှုမှာ ပိုမြင့်တဲ့သူနောက်ကိုပဲ လိုက်ပါတယ်။ လူတွေရဲ့ Respect ကို ရဖို့အတွက် မွေးရာပါ ခေါင်းဆောင်မှု အရည်အချင်းရှိသူ (ရှိရင်လည်း အခြား အရည်အချင်းတွေလိုပါသေးတယ်၊ မရှိရင် လေ့ကျင့်ယူလို့ရပါတ) လူတွေကို လေးစားတတ်သူ၊ သတ္တိရှိသူ၊ ယခင်က အောင်မြင်မှုများရရှိထားသူ၊ သစ္စာရှိသူ၊ အခြားသူများကို မြင့်တက်စေသူ ဖြစ်ဖို့လိုပါတယ်။
လူတွေက သင့်ကို လူတစ်ယောက်အနေနဲ့ လေးစားရင် Respect ရှိကြပါလိမ့်မယ်။ သင့်ကို မိတ်ဆွေတစ်ယောက်အနေနဲ့လေးစားရင် သင့်ကို ချစ်ခင်ကြလိမ့်မယ်။ သင့်ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့လေးစားရင် သင့်နောက်လိုက်လာကြလိမ့်မယ်။ တစ်ခါတစ်ရံမှာ ခေါင်းဆောင်တစ်ယောက်ဟာ အများနဲ့ တစ်ယောက်ဖြစ်ရင်တောင် မှန်တယ်ယုံကြည်တဲ့အတိုင်း ရပ်တည်ရဲဖို့လည်း လိုအပ်ပါတယ်။ ရှုံးနိမ့်နိုင်ခြေ၊ အန္တရာယ်ဖြစ်နိုင်ခြေ၊ အပြစ်တင်ခံရနိုင်ခြေတို့ကနေ စွန့်စားမှုကို ရယူရဲဖို့လိုပါတယ်။
Law 8: The Law of Intuition
ခေါင်းဆောင်တွေဟာ ဘာကိုပဲ ဆုံးဖြတ်သည်ဖြစ်စေ ခေါင်းဆောင်မှု အလိုလိုသိစိတ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ အချက်အလက်ထက် အခြေအနေပေါ်မှာ အလိုလိုသိစိတ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ ဘယ်လိုမြင်လဲဆိုတာ ဘယ်သူကမြင်တာလဲနဲ့ဆိုင်ပါတယ်။
Law 9: Magnetism
ခေါင်းဆောင်တွေဟာ သူနဲ့တူတဲ့လူတွေကိုပဲ ဘေးမှာခေါ်ထားပါတယ်။ အခြေခံအားဖြင့် သူ့ရဲ့ Generation, Background, Attitude ပေါ်မှာ မူတည်ပါတယ်။ သူ့ရဲ့ Mission Statement သူဘာလဲ၊ ဘယ်လိုလူလဲ၊ Vision Statement နောက်တစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်မှာ သူဘာတွေလုပ်မှာလဲ၊ Core Values သူဘာတွေကို ယုံကြည်လဲ၊ Social Contract သူဘယ်လိုလုပ်ပြီး ဘာတွေကိုတာဝန်ခံမှာလဲ တွေပေါ်မှာလည်း မူတည်ပါတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း ယုံကြည်ပြီး မတူညီတဲ့အတွေးရှိသူတွေကို အနားမှာထားပါ။
Law 10: The Law of Connection
ခေါင်းဆောင်တွေဟာ လူတွေနဲ့ ဆက်သွယ်တဲ့အခါမှာ Heart to Heart ဆက်သွယ်ဖို့လိုပါတယ်။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆက်သွယ်ရမယ်။ ကိုယ်ဟာလေးစားထိုက်တယ်။ ကိုယ်လုပ်နိုင်တယ်။ ကိုယ်ဟာ ထိုက်တန်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်ဆိုတာတွေ လိုပါတယ်။ လူတစ်ယောက်ကို တာဝန်မပေးခင် Heart to Heart အရင်ဆက်သွယ်ပါ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားဆက်သွယ်ပါ။ ဘယ်သူတွေကို ပြောနေတယ်ဆိုတာ သိပါ။ ကိုယ်ပြောတဲ့အတိုင်း နေပါ။ ကိုယ့်ကိုယ်ကိုထက် သူတို့ကို အာရုံစိုက်ပါ။ ယုံကြည်ပါ။ လမ်းကြောင်းနဲ့ မျှော်လင့်ချက်တွေ ပေးပါ။
Law 11: The Law of the Inner Circle
ခေါင်းဆောင်တစ်ယောက်ရဲ့ အလားအလာဟာ သူ့ရဲ့အတွင်းစည်းက လူတွေ အပေါ်မှာ မူတည်ပါတယ်။ တစ်ယောက်တည်း ဘယ်သူမှမလုပ်နိုင်ပါဘူး။ သူတို့ကို ရွေးချယ်တဲ့နေရာမှာ အခြားသူတွေအပေါ်သြဇာရှိတဲ့သူ၊ အတွေးအခေါ် အကြံဉာဏ်သစ်တွေရှိသူ၊ ရာထူးကြီးကြီးရှိသူ၊ အခြားသူတွေကို မြင့်တက်စေသောသူ၊ အခြား Inner Circle Member တွေ အပေါ်မှာ အပြုသဘောသက်ရောက်စေသောသူများကိုသာ ရွေးချယ်ပါ။ အရည်အချင်းရှိရမယ်၊ အကျင့်စရိုက်ကောင်းရမယ်။ စိတ်နေသဘောထားကောင်းရမယ်။
Law 12: The Law of Empowerment
အခြားလူတွေကို လုပ်ပိုင်ခွင့်ပေးတာကို ကြီးကျယ်တဲ့ခေါင်းဆောင်တွေသာ လုပ်နိုင်ပါတယ်။ အဲလိုလုပ်ဖို့ အတားအဆီးတွေက ခေါင်းဆောင်တွေက သူများကို လွှဲရင် အလုပ်ပြုတ်မှာကြောက်တာ၊ ပြောင်းလဲဖို့ကို လက်မခံတာ၊ ကိုယ့်ကိုယ်ကိုယ် ထိုက်တန်တယ် မထင်ကြတာတွေကြောင့် ဖြစ်ပါတယ်။ ကိုယ်လွှဲလို့ရမယ့် ခေါင်းဆောင်တွေရှာပါ။ သူတို့ကို ယုံကြည်ပါ။
Law 13: The Law of Picture
လူတွေက သူတို့မြင်တာကို အတုခိုးပါတယ်။ ခေါင်းဆောင်မှာ တာဝန်ရှိပါတယ်။ နောက်လိုက်တွေ၊ သင်တန်းတွေက မလုပ်နိုင်ပါဘူး။ အဖွဲ့အစည်းတစ်ခုရဲ့ အလားအလာက ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်ပါတယ်။ နောက်လိုက်တွေက အမြဲကြည့်နေပါတယ်။ လုပ်ဖို့ထက်ပြောဖို့က လွယ်ပါတယ်။ ပြောင်းလဲဖို့ လိုအပ်လာရင် ကိုယ်ကစပြောင်းလဲပါ။ ခေါင်းဆောင်တွေအနေနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တာက စံနမူနာဖြစ်နေဖို့ပါပဲ။
Law 14: The Law of Buy In
လူတွေဟာ ခေါင်းဆောင်ကို အရင် လက်ခံလာပြီးမှ Vision ကို လက်ခံကြပါတယ်။ ခေါင်းဆောင်ကို သူတို့လက်မခံမခြင်း ရည်မှန်းချက်အသစ်တစ်ခုကို ချပြလို့မရပါဘူး။ လူတွေကိုယ့်နောက်ကို လိုက်ဖို့အကြောင်းရှိတာ သေချာဖို့ လိုပါတယ်။ ဆက်ဆံရေးတွေ တည်ဆောက်ရပါမယ်။ ရိုးသား စစ်မှန်ပြီး ယုံကြည်မှုကို တည်ဆောက်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် High standards တွေရှိအောင် လုပ်ရပါမယ်။ လူတွေကို အထောက်အကူပြု နည်းလမ်းတွေ ပစ္စည်းတွေ ပေးရပါမယ်။ ကိုယ့်အောက်ကလူတွေကို သူတို့ရည်မှန်းချက်တွေ ပြည့်လာအောင် လုပ်ပေးဖို့ လိုပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေ တက်လာအောင် လုပ်ပေးရပါမယ်။ ကိုယ့်ရဲ့ Vision က သူတို့အတွက် အဓိပ္ပာယ်ရှိဖို့လိုပါတယ်။ ဘယ်သူလဲဆိုတာပြီးမှ ဘာကြောင့်ဆိုတာ လာပါတယ်။ အကြောင်းရင်းခိုင်မာလေလေ ဘယ်လိုလုပ်ရမလဲဆိုတာ သိလာလေလေပါ။ လူတွေကို လက်ခံလာဖို့ အချိန်လုံလုံလောက်လောက် ပေးဖို့လိုပါတယ်။
Law 15: The Law of Victory
ခေါင်းဆောင်တွေဟာ ကိုယ့် team ကို အောင်မြင်မှုရအောင် လုပ်ပေးနိုင်ဖို့ လိုပါတယ်။ ရှုံးနိမ့်မှုကို လုံး၀ လက်ခံလို့မရပါဘူး။ ခေါင်းဆောင်ရဲ့ စိတ်ပိုင်းဖြတ်မှုတွေ၊ တူညီတဲ့ရည်မှန်းချက်ရှိဖို့၊ မတူညီတဲ့ အရည်အချင်းတွေ စုပေါင်းဖို့၊ ကိုယ့်လူတွေကို မြင့်တက်လာအောင် လုပ်ပေးဖို့၊ ကိုယ့်လူတစ်ယောက်ချင်းရဲ့ အားသာချက်ကိုသိပြီး အသုံးချဖို့ လိုပါတယ်။
Law 16: The Law of Momentum
ကိုယ့်လုပ်ငန်းကို အရှိန်အဟုန်မြင့်လာအောင် လုပ်ရပါမယ်။ ရှိလာပြီဆိုရင် ခေါင်းဆောင်တွေဟာ ပိုပြီးကြည့်ကောင်းလာမယ်။ လူငယ်ခေါင်းဆောင်တွေဟာ အရှိန်မရခင်မှာ နည်းနည်းခက်တတ်ပါတယ်။ အောင်မြင်မှုတွေ စရလာတာနဲ့ လူတွေက သူ့ကို ရှိတာထက် ပိုပြီး အသိအမှတ်ပြုလာကြပါလိမ့်မယ်၊ လူတွေကို ကျေးဇူးတင်ပါ။ အရှိန်ရလာရင် လူသာမန်တွေတောင် သူတို့လုပ်နိုင်တာထက် ပိုလုပ်နိုင်လာကြပါလိမ့်မယ်။ အစပိုင်းမှာ ခပ်သေးသေးအောင်မြင်မှုတွေ ရဖို့တောင် အရမ်းခက်ပါလိမ့်မယ်။ ဒါတွေကို သိအောင် နားလည်အောင် လုပ်ပါ၊ အရှိန်ရလာရင် ရအောင်ထိန်းထားပါ။ ရလာရင် အစကထက် ပိုလွယ်လာလိမ့်မယ်။ ပြောင်းလဲရတာလည်း လွယ်လာလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ဖြစ်ပါတယ်။ မီးဖိုချောင်ထဲ မဝင်ပဲ မီးမွှေးလို့ မရပါဘူး။ အရှိန်အဟုန်တစ်ခုက ခေါင်းဆောင်တစ်ယောက်ရဲ့ ရင်ထဲကနေ စတင်ပါတယ်။ အသိတရားရှိဖို့၊ ပတ်ဝန်းကျင်၊ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု၊ နေ့တိုင်းလုပ်ဖို့၊ သေချာပြင်ဆင်ဖို့တွေ လိုအပ်ပါတယ်။ ချက်ချင်းတော့ မအောင်မြင်နိုင်ပါဘူး။
Law 17: The Law of Priorities
အလုပ်လုပ်တာဟာ အောင်မြင်မှုမဟုတ်ပါဘူး။ ဦးစားပေး အစီအစဉ်ချမှတ်တတ်ဖို့ လိုပါတယ်။ အလုပ်တွေအများကြီး ပြီးဖို့ထက် မှန်ကန်တဲ့အလုပ်တွေ ပြီးဖို့လိုပါတယ်။ ဘာတွေလုပ်ဖို့ လိုလဲ။ အခြားသူတွေ မလုပ်နိုင်တဲ့ ဘယ်အလုပ်မျိုးတွေ ရွေးလုပ်ရမလဲ။ ဘယ်အရာက အများဆုံး ရလာဒ်တွေ ရမလဲ။ ကိုယ်လုပ်တဲ့အလုပ်ကို အောက်ကလူက ၈၀ ရာခိုင်နှုန်းပြီးမယ်ဆိုရင် သူ့ကို လွှဲပါ။ ကိုယ်လုပ်နိုင်တယ်ဆိုတာက ကိုယ်လုပ်ရမယ်လို့ မဆိုလိုပါ။ ဘာကိုလုပ်ရင် ၂ ဆ ၃ ဆ ပိုထိရောက်မလဲ။ ဘယ်အလုပ်က ကိုယ်ဖြစ်ချင်တာတွေကို ရရှိစေမလဲဆိုတာ သိရပါမယ်။
Law 18: The Law of Sacrifice
ခေါင်းဆောင်တွေဟာ အပေါ်ကို ရောက်ဖို့ စွန့်လွှတ်အနစ်နာခံရပါမယ်။ အနစ်နာမခံပဲ အပေါ်ကို မရောက်နိုင်ပါဘူး။ ခေါင်းဆောင်တွေဟာ အခြားသူတွေထက် ပိုပြီး အနစ်နာခံရပါမယ်။ အပေါ်ရောက်လေလေ တာဝန်များလေလေ၊ အပေါ်ရောက်လေလေ ရပိုင်ခွင့်တွေ နည်းလေလေ ဖြစ်ရပါမယ်။ အနစ်နာခံမှုဟာ ရာထူးနေရာတစ်ခုရောက်ရင် မပြီးသေးပဲ အမြဲတမ်းဆက်ပြီး စွန့်လွှတ် အနစ်နာခံနေပါမယ်။ တစ်ကြိမ်တည်း မဟုတ်ပါဘူး။ ရာထူးကြီးလာလေလေ စွန့်လွှတ်ရမှုတွေ များလာလေလေပါ။ အကယ်၍ သင်ဟာ ဒီနေ့အောင်မြင်မှုကို သာယာနေရင် အခြားလူတစ်ယောက်စာ သူ့ရှေ့မှာ နောက်ထပ်ပေးဆပ်မှုတွေ လုပ်နေပါပြီ။
Law 19: The Law of Timing
ဒီ Law နဲ့ The Law of Intuition ၂ ခုဟာ မွေးရာပါ ခေါင်းဆောင်မှုအရည်အချင်းရှိသူတွေမှာ ရှိတာများပါတယ်။ ကိုယ့်မှာမရှိရင် ရှိတဲ့သူနဲ့ပေါင်းဖို့ လိုပါတယ်။ အချိန်အခါကို ရွေးချယ်နိုင်ခြင်းဟာ အလုပ်တစ်ခုအောင်မြင်မှု မအောင်မြင်မှုကြားမှာ ခြားနားချက်ဖြစ်ပါတယ်။ မှားယွင်းတဲ့အလုပ်ကို မှားယွင်းတဲ့အချိန်မှာ လုပ်မိရင် ကပ်ဆိုးတွေ ဆိုက်ရောက်စေပါတယ်။ မှန်ကန်တဲ့အလုပ်ကို မှားယွင်းတဲ့အချိန်မှာ လုပ်မိရင် လက်အောက်ကလူတွေက လက်မခံတတ်ကြပါဘူး။ မှားယွင်းတဲ့အလုပ်ကို မှန်ကန်တဲ့အချိန်မှာ လုပ်မိရင်လည်း အမှားအယွင်းတွေပဲ ဖြစ်စေတတ်ပါတယ်။ မှန်ကန်တဲ့အလုပ်ကို မှန်ကန်တဲ့အချိန်မှာ လုပ်မိမှ ရလာဒ်ကောင်းတွေ ရရှိစေပါတယ်။ မှန်ကန်တဲ့အလုပ်ကို လုပ်ဖို့ မှန်ကန်တဲ့အချိန် ရောက်နေရင်တောင် ခေါင်းဆောင်တစ်ယောက်ဟာ မှန်ကန်တဲ့ သိစိတ်ရှိဖို့လိုပါတယ်။
Law 20: The Law of Explosive Growth
စတင်အောင်မြင်ဖို့အတွက် နောက်လိုက်တွေကို ဦးဆောင်ပါ။ အဆပေါင်းများစွာ အောင်မြင်ဖို့ ခေါင်းဆောင်များကို ခေါင်းဆောင်ပါ။
ကိုယ့်ကိုယ်ကိုယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရင် ကိုယ့်ရဲ့အောင်မြင်မှုကိုရမယ်။ ကိုယ့် Team ကို ဖွံ့ဖြိုးအောင်လုပ်ရင် ကိုယ့်အဖွဲ့အစည်းက တိုးတက်လာမယ်။ ကိုယ့်အဖွဲ့အစည်းက ခေါင်းဆောင်တွေကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးရင် အရှိန်အဟုန်နဲ့ အောင်မြင်လာလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်တာရယ် ခေါင်းဆောင်တွေကို တိုးတက်လာအောင် လုပ်ပေးတာရယ်က မတူညီတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။
နောက်လိုက်တွေကို ဦးဆောင်သူဟာ သူ့လူတွေရဲ့ လိုအပ်မှုကို အမြဲတမ်းရတယ်။ သူတို့က အဖွဲ့အစည်းရဲ့ အောက်ဆုံးက ၂၀ ရာခိုင်နှုန်းကို အာရုံစိုက်တယ်။ အားနည်းချက်တွေကို အာရုံစိုက်တယ်။ လူတိုင်းကို တပြေးညီ ဆက်ဆံတယ်။ အခြားလူတွေအတွက် အချိန်ကို သုံးတယ်။ အခြားလူတွေကို ဖွံ့ဖြိုးတိုးတက်စေတယ်။ သူတို့လက်လှမ်းမှီသလောက်သူတွေကိုသာ ဦးဆောင်နိုင်တယ်။
ခေါင်းဆောင်တွေကို ဦးဆောင်သူဟာ ဆက်ခံမယ့်သူတွေကို လိုချင်တယ်။ အပေါ်ဆုံးက ၂၀ ရာခိုင်နှုန်းကို အာရုံစိုက်တယ်။ အားသာချက်တွေကို အာရုံစိုက်တယ်။ တစ်ဦးချင်းစီကို မတူညီစွာ ဆက်ဆံတယ်။ သူတို့ရဲ့အချိန်တွေကို မှန်ကန်တဲ့သူတွေဆီမှာ ရင်းနှီးမြှုပ်နှံတယ်။ ခေါင်းဆောင်များကို မြေတောင်မြှောက်ပေးတယ်။ ခေါင်းဆောင်များရဲ့ ခေါင်းဆောင်ဟာ သူတို့လက်လှမ်းမှီတဲ့နေရာထက်ပိုပြီး ဦးဆောင်မှုကို ပေးနိုင်တယ်။
ခေါင်းဆောင်တွေကို မွေးမထုတ်နိုင်တဲ့ အကြောင်း ၃ ခုရှိတယ်။ ခေါင်းဆောင်တွေဟာ ရှာဖို့ခက်တယ်၊ စုထားဖို့ ခက်တယ်၊ ထိန်းသိမ်းထားဖို့ ခက်တယ်။
Law 21: The Law of Legacy
ခေါင်းဆောင်တစ်ယောက်ရဲ့ ကြာရှည်ခံတဲ့ တန်ဖိုးဟာ ဆက်ခံသူရွေးချယ်နိုင်ခြင်းပါ။ အဖိုးတစ်ယောက်ရဲ့ အောင်မြင်မှုကို တိုင်းတာချင်ရင် မြေးကို ကြည့်လို့ရပါတယ်။ ခေါင်းဆောင်မှုအမွေကို ပေးနိုင်ဖို့အတွက် ကိုယ်ဘယ်လိုအမွေကို ပေးခဲ့မလဲဆိုတာ သိဖို့လိုတယ်။ အဲဒီအတိုင်း ကိုယ်ကိုယ်တိုင် နေထိုင်ဖို့ လိုတယ်။ ဘယ်သူ့ကို ဆက်ခံစေမလဲ ရွေးချယ်နိုင်ရမယ်။ လက်ဆင့်ကမ်းကစားနည်းတွေမှာ လွှဲပြောင်းပေးတဲ့ တုတ်တိုကဲ့သို့ ဆက်ခံသူကို ပိုင်ပိုင်နိုင်နိုင် လွှဲပေးလိုက်တာ သေချာစေရပါမယ်။