Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

Key Personal

U Naing Win Aung - Breakthrough Myanmar

 

Breakthrough Coaching, Training & Consulting မှ Founder နှင့် Main Trainer ဖြစ်သော U Naing Win Aung (Executive Coach) ၏ ကိုယ်ရေးအကျဉ်း

 

ဦးနိုင်ဝင်းအောင်သည် မြန်မာနိုင်ငံသို့ American Board of NLP, International Coach Federation (ICF) နှင့် John Maxwell Team Program စသည့် နိုင်ငံတကာအသိအမှတ်ပြု Program များကို ယူဆောင်လာပြီး မြန်မာနိုင်ငံတွင် Coaching Culture ကို စတင် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်။ သူသည် University of Northampton (UK) မှ MBA ဘွဲ့ကို ရရှိခဲ့ပြီး American Board of NLP မှ အသိအမှတ်ပြု Certified NLP Trainer & Master Coach တစ်ဦးဖြစ်သည့်အပြင် Certified Master Time Line Therapist တစ်ဦးဖြစ်သည်။ ထို့အပြင် International Coach Federation (ICF) မှ အသိအမှတ်ပြုသော Associate Certified Coach (ACC) Credential ကို ရယူထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ICF အသိအမှတ်ပြု Professional Coach ဖြစ်သည့်အပြင် ပထမဆုံး Certified John Maxwell Coach, Trainer & Speaker လည်း ဖြစ်သည်။ ဦးနိုင်ဝင်းအောင်သည် Success Resources မှ Millionaire Mind Intensive, Guerrilla Business Intensive, Train The Trainer Intensive များကို တက်ရောက်ခဲ့ပြီး Blair Singer Academy ၏ Master Facilitator Program တွင် မြန်မာနိုင်ငံမှ ပထမဆုံးတက်ရောက်သူအဖြစ် တက်ရောက်ခဲ့သည်။

လုပ်ငန်းအတွေ့အကြုံအနေဖြင့် သူသည် YKKO Group of Companies Limited တွင် Executive Director အဖြစ်ဖြင့် Operation Department နှင့် HR Department များကို စုစုပေါင်း ၉ နှစ်ဝန်းကျင် တာဝန်ယူခဲ့ပြီး ဝန်ထမ်းပေါင်း ထောင်ကျော်နှင့် မန်နေဂျာများစွာကို ဦးဆောင်ခဲ့သည်။ Operation Department ကို စနစ်ကျအောင် ပြုလုပ်ရာတွင် ပါဝင်ခြင်း၊ Quality, Service, Cleanliness များ တသမတ်တည်း ဖြစ်စေရန် အထောက်အပံ့ဖြစ်သော Operation Manual ကို ဦးဆောင်ပြုစုခြင်း၊ HR Department ကို စနစ်ကျအောင် ပြုလုပ်ရာတွင် ပါဝင်ခြင်း၊ ဝန်ထမ်းများကို Internal Training များ ပေးခြင်း၊ ပြင်ပမှ Business Consultant, Management Consultant များနှင့် အနီးကပ်လုပ်ဆောင်ခြင်း၊ ပြင်ပမှာ ပညာရှင်များ ဖိတ်ကြား၍ သင်တန်းများ ဦးဆောင်စီစဉ်ခြင်း၊ YKKO Training School ထူထောင်ရာတွင် ပါဝင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သူသည် သင်တန်းများ တက်ရောက်ခြင်း၊ လက်တွေ့အသုံးချခြင်း၊ ပြန်လည်မ ျှဝေခြင်းတို့တွင် ပြင်းပြသော စိတ်ဆန္ဒရှိခြင်းကြောင့် နိုင်ငံတကာမှ အကောင်းဆုံး Coach & Trainer Training များကို လေ့လာ၍ စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် ကူညီနိုင်ရန် Breakthrough Coaching, Training & Consulting ကိုထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံမှာ Branch အများအပြားရှိသော လုပ်ငန်းရှင်များ၏ ၎င်းတို့၏ လုပ်ငန်းများတွင် ဖောက်သည်များအား တူညီသော ဝန်ဆောင်မှုများကို ပေးရန် ကြိုးပမ်းရာတွင် ကူညီနိုင်ရန်အတွက် Mystery Shoppers Myanmar Company Limited ကိုပါ ထူထောင်၍ Retail & Hospitality Industry များမှ လုပ်ငန်းများကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

ယခုအခါတွင် Breakthrough Coaching, Training & Consulting တွင် C.E.O, Executive & Business Coach, Master Facilitator, Leadership Development Trainer အဖြစ်လည်းကောင်း၊ Mystery Shoppers Myanmar Company Limited တွင် C.E.O အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ လုပ်ငန်းရှင်ပေါင်းများစွာကို တစ်ဦးချင်း Executive Coaching ဝန်ဆောင်မှုများ ပေးပြီး ဖြစ်သည့်အပြင် လုပ်ငန်းပေါင်းများစွာအတွက် Team Coaching နှင့် Corporate Leadership Training ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။

John Maxwell Team Myanmar

သင်နှင့် သင့်မန်နေဂျာများ၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အရည်အချင်း ဖွံ့ဖြိုးတိုးတက်မှု၊ သင့်စီးပွားရေးလုပ်ငန်း ပိုမိုတိုးတက်မှုတို့အတွက် တိုင်ပင်ဆွေးနွေးလိုပါက

Breakthrough Company Limited
No. (24/26), (6-F) Floor, Race Course Condo, South Race Course Street, Tamwe Township, Yangon.
Phone: +959 765 222 103

ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.