Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

Corporate Programs

Corporate Programs

သင့်ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် သင့်အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်သည်။ လုပ်ငန်းရှင်တစ်ဦးအနေနှင့် သင်မည်မ ျှအရည်အချင်းရှိနေစေကာမူ သင့်နောက်မှ လိုက်သည့် သင့်ဝန်ထမ်းများ၏ အရည်အချင်းတွေ နိမ့်ကျနေပါက သင်လိုချင်သည့် ရလာဒ်များကို ရလာနိုင်မည် မဟုတ်ပါ။

ကျွနု်ပ်တို့ ၏ Breakthrough Coaching, Training & Consulting အနေနှင့် နိုင်ငံတကာအဆင့်မှီ Professional Coaching ဝန်ဆောင်မှုများနှင့် ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအတွက် များစွာအသိအမှတ်ပြုခြင်း ခံရပါသည်။

သမရိုးကျနည်းလမ်းများကို အသုံးပြုသည့်အစား Neuro Linguistic Programming Technique များ၊ Facilitation နှင့် Coaching Technique များကို ထည့်သွင်း အသုံးပြုထားခြင်းကြောင့် ကျွနု်ပ်တို့၏ သင်တန်းသားများသည် သင်ကြားရေးအစီအစဉ်များတွင် တစ်နေ့တာလုံး အားအင် အပြည့်ဖြင့် ပါဝင်လုပ်ဆောင်ပြီး လေ့လာသင်ယူနိုင်ကြပါသည်။

Breakthrough Coaching, Training & Consulting မှ C.E.O ဖြစ်သော U Naing Win Aung (Executive Coach) သည် မြန်မာနိုင်ငံတွင် ပထမဆုံး Certified John Maxwell Coach, Trainer & Speaker ဖြစ်ပြီး အောက်ဖော်ပြပါ ခေါင်းဆောင်မှုသင်တန်းများကို သင်ကိုယ်တိုင်နှင့် သင်အားကိုးရသောသူများအား ကြီးမားသောသက်ရောက်မှုများကို ပြုလုပ်နိုင်သည့် ခေါင်းဆောင်များ ဖြစ်လာအောင် သင်ကြားပေးနိုင်ပါသည်။

၁။ နှစ်ရက် သင်တန်းများ

သင့်အဖွဲ့အစည်းတွင် ယခုအစီအစဉ်များမှ အကြောင်းအရာများကို လိုက်ပါလုပ်ဆောင်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူများ

  • ခေါင်းဆောင်မှု၏ အရေးကြီးပုံကို သင့်ဝန်ထမ်းများ သိရှိလာမည်။
  • ခေါင်းဆောင်မှုဆိုတာဘာလဲဆိုတာနှင့် ဘယ်အရာတွေက ခေါင်းဆောင်မှုမဟုတ်သည်ကို သိရှိလာမည်။
  • အပြုသဘောဆောင်သော စိတ်နေသဘောထားများ ရှိလာမည်။
  • ခေါင်းဆောင်မှုစွမ်းရည်တိုးတက်အောင် မည်သို့ စဉ်ဆက်မပြတ်လေ့လာသင့်သည်ကို သိရှိလာမည်။
  • သူတို့၏ အလုပ်များတွင် ပို၍ တာဝန်ယူလာကြမည်။
  • ပြောဆိုဆက်ဆံမှုစွမ်းရည်များ မြင့်တက်လာမည်။
  • လက်အောက်ဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို ဂရုစိုက်လာကြမည်။
  • ထိထိရောက်ရောက်လုပ်နိုင်သော ခေါင်းဆောင်များ ဖြစ်လာကြမည်။
  • အသင်းအဖွဲ့နှင့် လုပ်ကိုင်တတ်သော ဝန်ထမ်းများ ဖြစ်လာမည်။
  • လက်အောက်မှ ငယ်သားများအား လုပ်ပိုင်ခွင့်ပေးအပ်လိုသော ခေါင်းဆောင်များ ဖြစ်လာကြမည်။
  • ကိုယ်ရည်ကိုယ်သွေး မြင့်မားသောသူများ ဖြစ်လာကြမည်။
  • လုပ်ငန်းပိုမိုအောင်မြင်လာရေးအတွက် ခေါင်းဆောင်များကို မွေးထုတ်ပေးလိုသော ခေါင်းဆောင်များ ဖြစ်လာကြမည်။

 

၁.၁။  ငြင်းပယ်၍ မရနိုင်သော ခေါင်းဆောင်မှု ဥပဒေသများ (21 Irrefutable Laws of Leadership)

ယခုသင်တန်းတွင် ကဏ္ဍ ၂ ခုပါဝင်ပြီး တစ်ခုမှ John C. Maxwell ၏ ခေါင်းဆောင်မှု ဥပဒေသများဖြစ်၍ ဒုတိယအပိုင်းမှာ Leadership Development Group Coaching အစီအစဉ် ဖြစ်ပါသည်။

၁.၂။ ရွှေကဲ့သို့ အဖိုးထိုက်တန်သော ခေါင်းဆောင်မှု အယူအဆများ (Leadership Gold)

၁.၃။ ဖွံ့ဖြိုးတိုးတက်မှုအတွက် တန်ဖိုးမဖြတ်နိုင်သော ဥပဒေသ ၁၅ ချက် (15 Invaluable Laws of Growth)

၁.၄။ လူတိုင်းဆက်ဆံကြသော်လည်း တစ်ချို့သူများသာ ဆက်သွယ်နိုင်ကြသည်။ (Everyone Communicates, Few Connect)

၁.၅။ သင့်ပတ်ဝန်းကျင်မှ ခေါင်းဆောင်များကို ပြုစုပျိုးထောင်ခြင်း။ (Developing The Leaders Around You)

အထက်ပါ ခေါင်းစဉ်များသည် နမူနာအဖြစ် တင်ပြထားခြင်း ဖြစ်ပြီး သင့်အဖွဲ့အစည်း၏ လိုအပ်ချက်အပေါ် မူတည်၍ တစ်ရက် သို့ နှစ်ရက် သင်တန်းများကို စီစဉ်ပေးနိုင်ပါသည်။

၂။ Team Coaching

 အသင်းအဖွဲ့ဝင်များဆီမှ အကောင်းဆုံးတန်ဖိုးများ ရရှိစေရန်အတွက် Team Coaching သည် အကောင်းဆုံးသော နည်းလမ်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပါသည်။ သူတို့သည် အတူတကွ စတင်ကြပြီး ဖွံ့ဖြိုးတိုးတက်လာကြပါလိမ့်မည်။

ပထမဆုံးအနေနှင့် Session အတွက် ရည်ရွယ်ချက်ကို အရင်ဆုံးသတ်မှတ်ရပါမည်။ ပြီးလ ျှင် ယခင်ကရှိခဲ့သော အတွေ့အကြုံများကို ပြန်လည်ရှာဖွေကြရမည်။ ထို့နောက် Team ၏ အားသာချက်၊ အားနည်းချက်များကို ကျွနု်ပ်တို့အတူတကွ ရှာဖွေကြမည်။ ထို့နောက် ဖွံ့ဖြိုးတိုးတက်လာစေမည့် အခွင့်အလမ်းများကို ဆန်းစစ်ကြမည်။ ပြီးလ ျှင် ရှေ့ဆက်သွားနိုင်မည့် နည်းလမ်းများကို ရှာဖွေပြီး Action Plan များ သတ်မှတ်ကြမည်။ Team Coaching ကို အောက်ပါ ဧရိယာများအပြင် သင့်အဖွဲ့အစည်းတိုးတက်လာစေရန် ကဏ္ဍများစွာတွင် အသုံးပြုနိုင်ပါသည်။

  • အရောင်းငွေ ၂ ဆ သို့မဟုတ် ထို့ထက်ပို၍ မြှင့်တင်နိုင်ရေး (Sales Improvement)
  • ဝန်ဆောင်မှုအကောင်းဆုံး ဖြစ်လာစေရေး (Customer Service Excellence)
  • စွမ်းဆောင်ရည်မြင့်မားသော အသင်းအဖွဲ့ဖြစ်လာစေရေး (Building High Performing Team)
  • အရည်အသွေးမြင့်မားသော လုပ်ငန်းအစဉ်အလာဖြစ်လာစေရေး (High Performing Culture)
  • မဟာဗျူဟာမြောက် အစီအစဉ်များ ရေးဆွဲခြင်း (Strategic Planning)
  • လုပ်ငန်းခွင်တွင်း အဆင်မပြေမှုများကို ဖြေရှင်းခြင်း
  • လုပ်ငန်းခွင်အတွင်း ထုတ်လုပ်မှုမြင့်မားလာစေခြင်း၊

အပြင် ခေါင်းစဉ်များစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.