Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

About our company

About Breakthrough Myanmar

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဦးဆောင်သူများကို လက်တွေ့ကျပြီး အမှန်တကယ် ထိရောက်သော ကမ္ဘာ့အဆင့်မှီ စီးပွားရေး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုနည်းစနစ်များ၊ Executive Education များ ပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့ ၏ တည်ထောင်သူဖြစ်သော ဦးနိုင်ဝင်းအောင် (Executive Coach) ၏ အနာဂါတ် အမြော်အမြင်များနှင့်အတူ မြန်မာနိုင်ငံတွင် ပထမဆုံး Executive Coaching Firm အသွင်ဖြင့် Breakthrough Coaching, Training & Consulting (BCTC) သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်ပေါ်ပေါက်လာခဲ့ပါသည်။

ကမ္ဘာပေါ်မှာ နံပါတ်တစ် ခေါင်းဆောင်မှု ဂုရုဟု သတ်မှတ်ခြင်းခံရသော John C. Maxwell ၏ ခေါင်းဆောင်မှုသင်ရိုးများ၊ ဘန်ကောက်အခြေစိုက် NLP Top Coach နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် American Board of NLP (ABNLP) မှ ပေးအပ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု Neuro Linguistic Programming သင်တန်းများ၊ Internation Coaching Federation (ICF) အသိအမှတ်ပြု Coaching သင်တန်းများအပြင် Executive Coaching နှင့် Business Coaching ဝန်ဆောင်မှုများကိုပါ ထိထိရောက်ရောက်ပေးအပ်နိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်များစွာအပါအဝင် Client များ၏ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှု၊ အောင်မြင်မှုများကို ဆောင်ကျဉ်းပေးနိုင်ခြင်းကြောင့် Breakthrough Coaching, Training & Consulting သည် မြန်မာနိုင်ငံတွင် အချိန်တိုအတွင်း အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာသော အဖွဲ့အစည်းတစ်ခုအဖြစ် ထင်ရှားလျက်ရှိပါသည်။

ကမ္ဘာ့အဆင့်မှီ သင်ကြားရေးနည်းစနစ်များဖြစ်ခြင်း၊ ပံ့ပိုးပေးသော  Solution များ လက်တွေ့ကျခြင်း၊ သင့်အဖွဲ့အစည်း၊ သင့်ဝန်ထမ်းများနှင့် သင်ကိုယ်တိုင်၏ ဖွံ့ဖြိုးတိုးတက်မှု ရလာဒ်များကို အချိန်တိုအတွင်း သင်ကိုယ်တိုင် ခံစားသိရှိနိုင်ခြင်း၊ မြန်မာနိုင်ငံမှာ အလွန်အောင်မြင်သော လုပ်ငန်းကြီးတစ်ခုတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ရာမှ ရရှိခဲ့သော လက်တွေ့ခေါင်းဆောင်မှုအတွေ့အကြုံများစွာကို ပေးအပ်နိုင်ခြင်းတို့သည် သင်ရှာဖွေနေသောအရာများ ဖြစ်သည်ကို ကျွနု်ပ်တို့နားလည်ထားပါသည်။

သင့်အဖွဲ့အစည်း၊ အလုပ်အကိုင်နှင့် ဘဝဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကိုမြှင့်တင်နိုင်ရန်နှင့် သင်၏ ပျော်ရွှင်မှု၊ အောင်မြင်မှုတို့အတွက် ကူညီဆောင်ရွက်ပေးရန် ကျွနု်ပ်တို့ စိတ်အား အလွန်ထက်သန်လျက်ရှိပါသည်။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.