Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

Business Coaching

Business coaching

 

Do You Need A Coach?

 

သင့်ရည်မှန်းချက်ကို ရောက်အောင် ပံ့ပိုးပေးဖို့ Coach တစ်ယောက်လိုနေပြီလား။

ဘဝဆိုသည်မှာ ရိုးစင်းပါသည်။

အကယ်၍ သင်လက်ရှိရောက်နေသော အခြေအနေကို ကျေနပ် ပျော်ရွှင်နေလျှင် ဆက်၍သွားပါ။

ထိုသို့မဟုတ်ပါက ပြောင်းလဲဖို့ကို ကြိုးစားပါ။

သင့်အနေနဲ့ စီးပွားရေးဖြစ်စေ၊ အလုပ်အကိုင်တွင်ဖြစ်စေ ဘဝ၏ မည်သည့်ကဏ္ဍတွင် ဖြစ်စေ သင်လက်ရှိရှိနေသော အခြေအနေမှ သင်ရောက်ရှိလိုသောအခြေအနေသို့ ရောက်ရှိနိုင်ရန် သင်၏ Coach မှ ကူညီနိုင်ပါသည်။

Coaching ဆိုသည်မှာ သင်၏ ဖွံ့ဖြိုးတိုးတက်မှု (Personal Development) ၊ သင်၏ စီးပွားရေး (Business)၊ သင်၏ အလုပ်အကိုင် (Career Development) ၊ သင်၏ ပေါင်းသင်းဆက်ဆံရေး (Interpersonal Development) ၊ သင်၏ ကျန်းမာရေး (Health) အစရှိသော မည်သည့်ကဏ္ဍတွင်မဆို လက်ရှိသင်ရှိနေသော အခြေအနေကို လေ့လာခြင်း၊ သင်ဖြစ်လိုသော အခြေအနေကို ရှာဖွေဖော်ထုတ်ခြင်းနှင့် သင့်ကို သင်ရရှိလိုသော ရည်မှန်းချက်တို့ကို ရရှိခြင်းမှ တားဆီးနေသော အဟန့်အတားများကို ဆန်းစစ်ခြင်းများအပြင် သင်၏ ရည်မှန်းချက်များကို ရရှိသည်အထိ သင်နှင့် အတူ ကူညီလမ်းပြပေးခြင်း စသည့် လုပ်ငန်းစဉ်များကို ဆိုလိုပါသည်။

Coach တစ်ဦး၏ အခန်းကဏ္ဍသည် သင့်အား သင်၏ အမြင့်မားဆုံးရည်မှန်းချက်ကို ရရှိစေရန်အတွက် သင်၏ အားသာချက်များနှင့် သင် တိုးတက်ရန် လိုအပ်သော ဧရိယာများကို ထင်ဟပ်စေသော feedback များကို ပေးရန် ဖြစ်ပါသည်။ Coach သည် သူ၏ Coaching နယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်ပြီး ၎င်းကျွမ်းကျင်မှုသည် သင့်အား သင်၏ ရည်မှန်းချက်များကို သင့်ဟာသင် ကြိုးစားနိုင်သည်ထက် ပို၍ နည်းသောအချိန်ကာလအတွင်း ရရှိစေသော သတင်းအချက်အလက်များ၊ နည်းစနစ်များနှင့် တကွ ပံ့ပိုးပေးနိုင်ပါသည်။

Coach တစ်ဦးသည်

- Client ၏ ရည်မှန်းချက်ကို ရှာဖွေဖော်ထုတ်ခြင်း၊ ရှင်းရှင်းလင်းလင်း သတ်မှတ်လာနိုင်အောင် လိုအပ်သလို တည့်မတ်ပေးခြင်း၊

- Client ကို သူ့ကိုယ်သူ တွေ့ရှိနားလည်လာစေရန် အားပေးခြင်း၊

- Client ကိုယ်တိုင် ပြဿနာ၏ အဖြေများ၊ ချမှတ်သင့်သည့် မဟာဗျူဟာများ ရှာဖွေလာနိုင်စေရန် ပံ့ပိုးပေးခြင်း၊

- Client ဖြစ်သူအား ဆုံးဖြတ်ချက်ချရန်အတွက် တာဝန်ရှိစေခြင်းနှင့် တာဝန်ခံစေခြင်း၊

- ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် Client အား ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။

Coaching သည်

- စီးပွားရေးလုပ်ငန်းရှင်များ၊

- စွန့်ဦးတီထွင်လုပ်ငန်းရှင်များ

- Middle နှင့် Top Management တာဝန်ရှိသူများ

- Department Head များ

- Team Leader များ

- ကျောင်းသားများ

- Trainer နှင့် Consultant များ

- မိဘများ

- စိတ်မကောင်းခြင်း၊ ကြိတ်ခဲမရဖြစ်ခြင်း၊ ဆုံးဖြတ်ချက်မချနိုင်ခြင်း၊ အပြစ်ရှိသလိုခံစားနေရခြင်း စသည်တို့ကို ကြုံတွေ့နေရသူများ

- မိမိကိုယ်ကိုယ် ပိုမိုဖွံ့ဖြိုးတိုးတက်လိုသောသူများ အတွက် သင့်တော်ပါသည်။

၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော International Coach Federation (ICF) ၏ အပြည်ပြည်ဆိုင်ရာ Coaching Client Study အရ Professional Coaching ကို အသုံးပြုသော စီးပွားရေးလုပ်ငန်းများသည် ပျှမ်းမျှအားဖြင့် Professional Coach ကို ၎င်းတို့ငှားရမ်းရသော ကုန်ကျစရိတ်ထက် ၇ ဆ ပို၍ အကျိုးအမြတ်ရှိကြပါသည်။ တစ်ဦးတစ်ယောက်ချင်း ပျှမ်းမျှအနေဖြင့် ၎င်းတို့ ရင်းနှီးမြှုပ်နှံသော ပမာဏ၏ ၃.၄၄ ဆ ပြန်၍ ရကြပါသည်။

Coaching လုပ်ငန်းစဉ်များ

သင်နှင့် စတင်တွေ့ရှိချိန်တွင် သင့်၏ အခြေအနေအား နက်နက်ရှိုင်းရှိုင်း အင်တာဗျူးပြီးနောက် သင်နှင့် သင်၏ Coach တို့နှစ်ဦး Coaching Program ကို အတူတကွ Design ပြုလုပ်မည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ပြီးသည့်နောက်တွင် သင့်တွင် သင်၏ အောင်မြင်မှုအတွက် ဆုံးဖြတ်ပိုင်ခွင့်နှင့် တာဝန်ရှိလာမည်ဖြစ်သည်။

Coaching Session တစ်ခုသည် အနည်းဆုံး ၁ နာရီကြာမြင့်ပြီး ၃ နာရီအထိ တစ်ဆက်တည်း ဆောင်ရွက်နိုင်ပါသည်။ Coaching Session ကို မစတင်မှီတွင် သင်ဆွေးနွေးလိုသော အကြောင်းအရာကို သင်ကိုယ်တိုင်ရွေးချယ်ရပါမည်။ ထို့နောက် သင်၏ Coach သည် သင်နှင့် အတူ သင်၏တိုးတက်မှုနှင့် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များအတွက် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အတူတကွလုပ်ဆောင်ကြမည်ဖြစ်သည်။

သင်၏ Coach သည် သင်၏ လုပ်ဆောင်မှုများမှ ရလာဒ်များကို နောက် Coaching Session များတွင် Follow Up ပြုလုပ်မည် ဖြစ်ပြီး သင်လိုချင်သော ရလာဒ်များကို ရသည်အထိ သင်နှင့်အတူ ဆောင်ရွက်မည်ဖြစ်သည်။

သင်၏ Coach သည်

- သင်ဘာတွေပြောသည်၊ ဘယ်လိုပြောသည်၊ ဘာတွေကို မပြောသည်ကို စူးစိုက်၍ နားထောင်မည်ဖြစ်ပြီး

- သင်၏ ရည်ရွယ်ချက်များ၊ သင်၏ အတွေးအခေါ်များကို ရှင်းလင်းမှုရစေရန် Challenge လုပ်သော မေးခွန်းများကို မေးခြင်း၊

- သင်၏ ရည်ရွယ်ချက်များကို အမှန်တကယ်ဖြစ်လာစေနိုင်မည့် လုပ်ဆောင်မှုများကို ဆောင်ရွက်လာစေရန် သင့်အား လှုံ့ဆော်ပေးမည်ဖြစ်သည်။

Coaching, Consulting နှင့် Training တို့ကွာခြားပုံ

Coaching သည် Client များကို ၎င်းတို့ကိုယ်ပိုင်အကဲဖြတ်ခြင်းနှင့် ပြဿနာ၏ အဖြေကို ၎င်းတို့အနေနှင့် အဖြေထုတ်ခြင်းကို ဖန်တီးပေးပါသည်။ Coach တစ်ဦးအနှေင့် Client ကို သူတို့၏ ရည်မှန်းချက်မှာ ဘာဖြစ်သည်ဆိုသည်ကို မေးမြန်းခြင်းဖြင့် စတင်ပါသည်။ ရည်မှန်းချက်ကို သတ်မှတ်ပြီးသည့်နောက်တွင် Coach အနေနှင့် သတ်မှတ်အချိန်ကာလတစ်ခုအတွင်းတွင် Client နှင့် အတူတကွ အဖြေရှာခြင်း၊ Client ကို Assignment များပေးခြင်း၊ Client ကို သူ့ရည်မှန်းချက်အတွက် တာဝန်ခံစေခြင်းတို့ကို ဆောင်ရွက်ပါသည်။

Consulting သည် Client ကို ပြဿနာ၏ အဖြေကို Client ကိုယ်တိုင်ရှာဖွေခြင်းထက် အဖြေကို ၎င်းအနေနှင့် ပေးခြင်းကို ပိုမိုပြုလုပ်ပါသည်။ Coach များသည် Client ကို ၎င်းတို့ကိုယ်ပိုင်အဖြေကို ရှာဖွေနိုင်ရန် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်သည့်အချိန်တွင် Consultant သည် Client ကို ပြဿနာကို မည်သို့ဖြေရှင်းရမည်ကို အကြံပေးခြင်း၊ အဖြေကိုမည်သို့ လက်တွေ့ဆောင်ရွက်ရမည်ကို အကြံပေးခြင်းတို့ကို ပြုလုပ်ပေးပါသည်။

Training ပေးခြင်းသည် Client များကို မည်သို့လုပ်ဆောင်ရမည်ကို သင်ကြားပေးခြင်းဖြစ်ပါသည်။ Training Session အသီးသီးသည် Client များရှိနေဖို့လိုအပ်ပြီး Client များ၏ ပြန်လှန်ဆွေးနွေးမှု အနည်းငယ်သာ လိုအပ်ပါသည်။ (ထို့ကြောင့် Online Training အများစုသည် Trainer နှင့် Trainee များ တွေ့ဆုံခြင်းမရှိပဲ သင်ကြားနိုင်ခြင်း ဖြစ်ပါသည်။) Trainer အများစုသည် Client များ၏ Result အတွက် တာဝန်ယူရန် မလိုပါ။ အပြန်အလှန်ပြောဆိုခြင်းထက် တစ်ဦးတည်းပြောဆိုခြင်းကို ပို၍ အလေးသာပါသည်။

Coaching=Empowerment (လုပ်ပိုင်ခွင့်ပေးခြင်း)

Consulting=Problem-solving (ပြဿနာကို ဖြေရှင်းခြင်း)

Training=Instruction (လမ်းညွှန်မှုများ ပေးခြင်း)

 

Breakthrough Company Limited ၏ Life Coaching အနေနှင့် သင့်ကို ကူညီနိုင်သော ကဏ္ဍများ

 

- သင်၏ Life Coach အနေနှင့် သင်အမှန်တကယ်လိုချင်သောအရာ ဘာလဲဆိုတာကို သင်ကိုယ်တိုင်ရှာတွေ့နိုင်ရန် ကူညီခြင်း။

- သင့်ကိုယ်သင် ထွက်ပေါက်ပိတ်နေသော အခြေအနေမှ ရုန်းထွက်နိုင်ရန် ကူညီခြင်း။

- သင်၏ ရေရှည်၊ ရေတို ပန်းတိုင်များကို သတ်မှတ်ရာတွင် ကူညီခြင်း။

- ထိုပန်းတိုင်များကို ရရှိစေရန် အစီအစဉ်များချမှတ်ရာတွင် ကူညီခြင်း။

- သင့်၏ ပန်းတိုင်ကိုရောက်ရှိနိုင်ရန် သင့်ကိုယ်သင် မယုံကြည်မှုများ (Limiting Belief) များကို ဖယ်ရှားနိုင်ရန် ကူညီပေးခြင်း။

- သင့်အား လုပ်ပိုင်ခွင့်ရစေမည့် အမြင်သစ် (New Empowering Belief) ရရှိစေရန် ကူညီပေးခြင်း။

- သင်လုပ်ဆောင်မည့် လမ်းတစ်လျှောက်တွင် တွေ့ကြုံရမည့် အခက်အခဲများကို ကျော်လွှားနိုင်စေရန် ကူညီပေးခြင်း။

- သင့်အောင်မြင်မှုကို ရရှိသည်အထိ Partner တစ်ဦးအနေဖြင့် ရပ်တည်ပေးခြင်း။

- အဆုံးတွင် သင်နှင့် အတူအောင်ပွဲခံခြင်း။

 

Breakthrough Company Limited ၏ Executive Coaching အနေနှင့် သင့်ကို ကူညီနိုင်သော ကဏ္ဍများ

 

- သင်၏ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အရည်အသွေးများ နောက်တဆင့်သို့ မြင့်တက်စေရန်

- သင်၏ လုပ်ငန်း၊ ဌာနအတွက် ရည်မှန်းချက်များများ၊ Plan များ တိတိကျကျချမှတ်၍ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်

- အမှန်တကယ်အရေးကြီးသော အလုပ်များကို ပို၍ အာရုံစိုက်လာနိုင်စေရန်

- လုပ်ငန်းခွင်တွင်း ဆက်ဆံရေးတိုးတက်လာစေရန်

- သင်၏ ဝန်ထမ်းများအား ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နိုင်မှုနှင့် ထိန်းသိမ်းနိုင်မှုတို့ မြင့်တက်လာစေရန်

- သင့်ဝန်ထမ်းများအား စိတ်အားတက်ကြွလာအောင် လှုံ့ဆော်နိုင်စွမ်း မြင့်တက်လာစေရန်

- အလုပ်နှင့် ဘဝမျှတအောင် လုပ်ကိုင်လာနိုင်စေရန်

- Delegation အလုပ်တာဝန်များ ခွဲဝေလုပ်လာနိုင်စေရန်

- စိတ်ဖိစီးမှုများ လျှော့ချလာနိုင်စေရန်

- သင်၏အတွေးအခေါ်များ၊ အလုပ်နှင့် အမူအကျင့်များ တစ်သားတည်းဖြစ်လာစေရန်

- ပိုမိုမြင့်မားသော ရာထူးတာဝန်အတွက် ပြင်ဆင်ရန်

- အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန်

- သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာနိုင်စေရန်

 

Breakthrough Company Limited မှ Executive Coaching ဆောင်ရွက်မည့် လုပ်ငန်းစဉ်


- သင့်ကိုယ်သင် ပိုမိုသိရှိလာစေရန်နှင့် သင်အား စိတ်အားတက်ကြွစေရန် တွန်းအားပေးသောအရာများ၊ သင်၏ တိုးတက်ရာတိုးတက်ကြောင်း အလားအလာများကို ပိုမိုသိရှိလာစေရန်၊

- သင်၏ အတွေးများကို ရှင်းလင်းစေပြီး ရှေ့ဆက်ရမည့်လမ်းများကို Smart Goal များ၊ Action Plan များ သတ်မှတ်ကာ ရောက်ရှိစေရန်၊

- ထိုသို့လုပ်ဆောင်သည့် ကာလတစ်လျှောက်တွင် သင်၏အောင်မြင်မှုများ၊ ရံှုးနိမ့်မှုများမှ သင်ခန်းစာများ ထုတ်ယူကာ ပြန်လည်အသုံးပြုခြင်း၊

- သင့်အား ကိစ္စရပ်များပေါ်တွင် မတူညီသော အမြင်များဖြင့် ကြည့်စေ၍ အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်နိုင်စေခြင်း၊

- သင့်အား တိုးတက်မှုကို ပိတ်ပင်ထားသော Comfort Zone မှ ထွက်၍ ပိုမိုကောင်းမွန်သော Action များကို ပြုလုပ်စေခြင်း၊

- သင့်အား ပိုမိုရှင်းလင်းသော အမြင်များရရှိစေနိုင်ရန် Challenging ဖြစ်သော Request များကို ပြုလုပ်ခြင်း၊

အစရှိသော အခြေအနေများအတွက် အသုံးပြုနိုင်ပါသည်။

 

Team Coaching

 

Team Coaching ကို အရေးကြီးသော goals များ ရရှိစေရန်အတွက် အလုပ်အတူတူလုပ်ကြသော ၂ ယောက်မှ ၁၀ ယောက်အထိပါဝင်သည့် အသင်းအဖွဲ့များအတွက် ရည်ရွယ်ပါသည်။ Department တွင်း၊ အသင်းအဖွဲ့တွင်း၊ လုပ်ငန်းတွင်း ပုံမှန်လုပ်နေကျထက် ပို၍ ထိထိရောက်ရောက် လုပ်လိုသော၊ ပို၍ တီထွင်ကြံဆနိုင်စွမ်းမြင့်လိုသော၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်တက်လိုသော၊ စီးပွားရေးမျှော်မှန်းချက်များရရှိစေရန် အားလုံး၏ အမြင်ကို စုစည်း၍ Strategy ချမှတ်လိုသော အသင်းအဖွဲ့များ၊ Department များ၊ Company များအတွက် အသုံးပြုနိုင်ပါသည်။ အတွေးအခေါ်သစ်များ ရရှိနိုင်သည့်အပြင် Decision Making တွင် အားလုံးပါဝင်နိုင်ခြင်းကြောင့် Job Satisfaction မြင့်တက်ကာ မြင့်မားသော Result များကို ရရှိလာနိုင်ပါသည်။

Team Coaching ကို အသုံးပြုနိုင်သော အခြေအနေများမှာ

- Planning for Business Development

- Planning for Market Development

- Launching A New Product

- Increasing Sales Revenue

- Improving Customer Service

- Increasing Productivity

- Improving Quality Control

- Improving Employee Retention

တို့ဖြစ်ပါသည်။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.