Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

Business Development Programs

Developing The Leaders Around You

 

ဘာဖြစ်လို့ လူတစ်ချို့သာ စီးပွားရေးလုပ်ငန်း ထူထောင်ရာမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရကြတာလဲ။

 

ကမ္ဘာ့နံပါတ်တစ်ခေါင်းဆောင်မှု Expert ဖြစ်တဲ့ John C.Maxwell က အဲဒီအဖြေကို သိပါတယ်။

သူနှစ်ပေါင်း ဆယ်စုနှစ်များစွာ ရှိခဲ့တဲ့ ခေါင်းဆောင်မှုအတွေ့အကြုံတွေအရ သူတွေ့ရှိခဲ့တဲ့ အကြီးမားဆုံး ခေါင်းဆောင်မှုနိယာမက ဘာလဲဆိုရင်

"ခေါင်းဆောင်တစ်ယောက်ရဲ့ အောင်မြင်မှုအတိုင်းအတာကို သူ့ဘေးနားမှာ ရှိနေတဲ့သူတွေက ဆုံးဖြတ်တယ်" ဆိုတာပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်တစ်ယောက်မှာ ရည်မှန်းချက်တွေ၊ အားအင်တွေ၊ တွန်းအားတွေ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ ရှိနေယုံနဲ့ မလုံလောက်ပါဘူး။

အကယ်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖွဲ့အစည်းတစ်ခုခု၏ အကြီးအကဲတစ်ဦးအနေနှင့် သင့်အိပ်မက်တွေကို အမှန်တကယ်ဖြစ်ပေါ်လာစေချင်တယ်ဆိုရင် သင့်အနေနဲ့ သင့်ဘေးနားက ခေါင်းဆောင်တွေကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမလဲဆိုတာကို နားလည်ဖို့ လိုပါတယ်။

 


 

သင်ဟာ လက်ရှိမှာ ကြီးကြီးမားမား အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ရင် ဖြစ်မယ်၊ အဖွဲ့အစည်းကြီးကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ လုပ်နေတာ ဖြစ်ရင် ဖြစ်မယ်၊ အတော်အသင့် အောင်မြင်နေတဲ့ လုပ်ငန်းက လုပ်ငန်းရှင် ဖြစ်ရင် ဖြစ်မယ်။ အခုမှ စလုပ်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်နိုင်သလို မန်နေဂျာတစ်ဦးလည်း ဖြစ်ရင် ဖြစ်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သင့်ဘေးနားက ခေါင်းဆောင်များကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးခြင်း (Developing The Leaders Around You) ဟာ သင့်ရဲ့ အဖွဲ့အစည်းကို ပိုမိုမြင့်မားတဲ့ အောင်မြင်မှုဆီကို ပို့ဆောင်ရာမှာ လည်းကောင်း၊ သင့်ဘေးနားက ခေါင်းဆောင်များကို သူတို့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ပတ်သက်ပြီး အလားအလာရှိသလောက် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးရာတွင် လည်းကောင်း အကျိုးရှိစေပါလိမ့်မယ်။

 

သင်ဟာ

၁။ သူတို့လက်ရှိ လုပ်နေကိုင်နေတာတွေကို ကျေးဇူးတင်ဖို့

၂။ သူတို့အနေနဲ့ သူတို့လုပ်နိုင်စွမ်းရှိသလောက် အကောင်းဆုံး လုပ်မယ်ဆိုတာ ယုံကြည်ဖို့

၃။ သူတို့ရဲ့ ပြီးမြောက်အောင်မြင်မှုတွေကို ချီးမွမ်းဖို့

၄။ သူတို့ခေါင်းဆောင်တစ်ဦးအနေနဲ့ သင့်ရဲ့တာဝန်ရှိမှုကို လက်ခံဖို့ စတာတွေအတွက် တာဝန်ရှိပါတယ်။

 


 

ကြီးမြတ်တဲ့ ခေါင်းဆောင်တွေအားလုံးမှာ လူကောင်းတွေကို ခေါ်ယူခြင်းနဲ့ ထိန်းသိမ်းနိုင်ခြင်းဆိုတဲ့ တူညီတဲ့ အရည်အချင်းတွေ ရှိပါတယ်။ အဖွဲ့အစည်းတစ်ခုဟာ သူ့အလိုလို ထုတ်လုပ်မှုစွမ်းအားတွေ တက်မလာနိုင်ပဲ လူတွေကသာ တက်အောင်လုပ်နိုင်ပါတယ်။

စနစ်တွေက ခေတ်မမှီတော့ဘူး ဖြစ်လာမယ်၊ အဆောက်အဦတွေက ယိုယွင်းလာမယ်၊ စက်ပစ္စည်းတွေက စွမ်းဆောင်ရည်တွေ ကျလာမယ်။ ဒါပေမယ့် လူတွေကတော့ သူတို့မှာ သူတို့ရဲ့ တိုးတက်နိုင်မှု အလားအလာတွေကို တန်ဖိုးထားပြီး နားလည်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ရခဲ့မယ်ဆိုင် ပိုပြီး ဖွံ့ဖြိုးနိုင်တယ်၊ အရည်အချင်းတွေ တိုးတက်နိုင်တဲ့အပြင် ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်သူတွေ ဖြစ်လာနိုင်တယ်။

အဓိကအချက်က ဘာဖြစ်မလဲ။ အဲဒါကတော့ သင်တစ်ယောက်တည်း လုပ်လို့ မရဘူးဆိုတဲ့အချက်ပဲ ဖြစ်တယ်။ သင်သာ တစ်ကယ်ကို အောင်မြင်တဲ့ ခေါင်းဆောင်ဖြစ်ချင်တယ်ဆိုရင် သင့်အနေနဲ့ သင့်ဘေးနားမှာ ခေါင်းဆောင်တွေကို မဖြစ်မနေ ပြုစုပျိုးထောင်ဖို့ လိုပါတယ်။ သင့်အနေနဲ့ ခေါင်းဆောင်မှုအဖွဲ့တစ်ခုကို ထူထောင်ရမယ်။ သင့်အနေနဲ့ အခြားသူများနှင့် အတူ သင့်ရဲ့ ရည်မှန်းချက်ကို အမှန်တကယ် မြင်လာရအောင်၊ အကောင်အထည်ဖော်လာနိုင်အောင် နည်းလမ်းရှာဖွေရပါလိမ့်မယ်။

ခေါင်းဆောင်တစ်ယောက်က ကြီးမားတဲ့ စိတ်ကူးပုံရိပ်များကို မြင်နိုင်စွမ်းသော်လည်း သူ့စိတ်ကူးထဲက ပုံရိပ်တွေ အမှန်တကယ်ဖြစ်လာဖို့အတွက် အခြားခေါင်းဆောင်များရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။

ခေါင်းဆောင်တော်တော်များများဟာ သူတို့ပတ်ဝန်းကျင်မှာ နောက်လိုက်တွေနဲ့ ဝန်းရံထားကြပါတယ်။ သူတို့ထင်ကြတာက ခေါင်းဆောင်မှုရဲ့ သော့ချက်ဟာ နောက်လိုက်တွေ ပိုပြီး ရဖို့လို့ ထင်ကြတယ်။ အင်မတန် နည်းပါးလှတဲ့ ခေါင်းဆောင်များသာ သူတို့ကိုယ်သူတို့ အဖွဲ့အစည်းအတွက် ကြီးမားတဲ့တန်ဖိုးတွေကို ယူဆောင်လာနိုင်မယ့် အခြားခေါင်းဆောင်များနဲ့ ဝန်းရံထားပါတယ်။ အဲဒီလိုလုပ်ခြင်းကြောင့် သူတို့ရဲ့ ဝန်ကို လျော့စေတာသာ မဟုတ်ပဲ သူတို့ရဲ့ ရည်မှန်းချက်တွေကို ပိုမိုကြီးမားလာစေပြီး ဆက်လက်သယ်ဆောင်ခြင်းကိုလည်း ရရှိလာပါတယ်။

 


 

သင်ဘာဖြစ်လို့ နောက်ထပ် ခေါင်းဆောင်တွေကို မွေးထုတ်ပေးဖို့လိုအပ်တာလဲ။

အကယ်၍ သင့်ဘေးနားက ခေါင်းဆောင်တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုရင် ပထမဆုံးအနေနဲ့ သင့်အနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးလူတွေကို ရှာရမယ်။ သူတို့ကို သူတို့တတ်နိုင်သမ ျှ အကောင်းဆုံးခေါင်းဆောင်တွေ ဖြစ်လာအောင် ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးရမယ်။

ဘာဖြစ်လို့လဲ သင်သိလား။

သင့်အနားမှ ရှိနေတဲ့သူတွေက သင့်လုပ်ငန်း၊ အဖွဲ့အစည်းရဲ့ အောင်မြင်မှုအလားအလာကို ဆုံးဖြတ်တယ်။

သင့်လုပ်ငန်း ဆက်လက်အောင်မြင်မလား၊ ကျဆင်းသွားမလားဆိုတာကိုလည်း သူတို့ကပဲဆုံးဖြတ်တယ်။

အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်နိုင်မှု အလားအလာဟာလည်း အဲဒီအဖွဲ့အစည်းမှာ ရှိတဲ့သူတွေရဲ့ ခေါင်းဆောင်မှု အရည်အချင်းတိုးတက်မှုနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတယ်။

အလားအလာရှိတဲ့ ခေါင်းဆောင်တွေဟာ သင့်ရဲ့ လုပ်ငန်းတာဝန်တွေကို ကူညီသယ်ဆောင်ပေးတယ်။

ခေါင်းဆောင်တွေဟာ နောက်ထပ် ခေါင်းဆောင်တွေကို ဆွဲဆောင်တယ်။

နောက်ထပ် အလားအလာရှိတဲ့ ခေါင်းဆောင်တွေကို နည်းပေးလမ်းပြ လုပ်တဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ထိရောက်စွာ လုပ်ကိုင်နိုင်မှုကို ဆပွားစေတယ်။

ခေါင်းဆောင်တွေကို ပျိုးထောင်ပေးခြင်းဖြင့် အဖွဲ့အစည်းရဲ့အနာဂါတ်ကို ပိုမိုချဲ့ထွင်ပြီး ကြီးထွားစေတယ်။

သင်လူများများကို ဦးဆောင်နေရလေလေ၊ ခေါင်းဆောင် များများ လိုလေလေ ဖြစ်တယ်။

Zig Ziglar က ပြောတယ်။

“အောင်မြင်မှုဆိုတာတဲ့ သင့်မှာ ရှိတဲ့ အရည်အချင်းကို အမြင့်မားဆုံး အသုံးချနိုင်တာကို ခေါ်တယ်” တဲ့။

John C. Maxwell ကတော့ ဒီလို ပြောပါတယ်။

“ခေါင်းဆောင်တစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာဟာ သူ့လက်အောက်မှာ ရှိတဲ့လူတွေရဲ့အရည်အချင်းကို အကောင်းဆုံး အသုံးပြုနိုင်တာကို ခေါ်ပါတယ်”

အဲဒါကြောင့် သင့်အနေနဲ့ သင့်ရဲ့ခေါင်းဆောင်မှု အလားအလာတွေကို အမြင့်မားဆုံး ရောက်ရှိစေရန် လည်းကောင်း၊ သင့်အဖွဲ့အစည်းကို ယခုအခြေအနေမှ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိစေရန် လည်းကောင်း သင့်လုပ်ငန်းခွင်မှာ သင့်လက်အောက်က ခေါင်းဆောင်များကို ဖွံ့ဖြိုးတိုးတက်လာအောင် စနစ်တကျ အစီအစဉ်တွေကို ချမှတ် ဆောင်ရွက်သင့်ပါတယ်။


 

အကယ်၍ သင့်အနေနဲ့ သင့်ပတ်ဝန်းကျင်က ခေါင်းဆောင်တွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာကို သေသေချာချာ သိချင်တယ်ဆိုရင်တော့

မြန်မာနိုင်ငံမှာ ပထမဆုံး International Coach Federation (ICF) အသိအမှတ်ပြု Coach နှင့် ပထမဆုံး Certified John Maxwell Coach, Trainer & Speaker ဖြစ်သော U Naing Win Aung (Executive Coach) ဦးစီးသည့် Breakthrough Coaching, Training & Consulting (BCTC) မှ ပြုလုပ်မယ့် “DEVELOPING THE LEADERS AROUND YOU” 2 Days Program ကို တက်ရောက်၍ စနစ်တကျ လေ့လာ သင်ကြားနိုင်ပါတယ်။

 


 

ယခု အစီအစဉ် တက်ရောက်ခြင်း ဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

- သင်နောက်ထပ် ခေါင်းဆောင်များကို မွေးထုတ်ပေးရန် လိုအပ်သည့် အကြောင်းရင်းများကို လေ့လာနိုင်မည်။

- အလားအလာရှိသော ခေါင်းဆောင်များ၏ အမူအကျင့်များကို လေ့လာနိုင်မည်။

- သင့်လက်အောက်မှ ခေါင်းဆောင်များအတွက် Role Model ကောင်းတစ်ဦး အဖြစ် မည်သို့ပြုမူနေထိုင်သင့်သည်ကို လေ့လာနိုင်မည်။

- အခြားသူများကို မည်သို့  လမ်းညွှန်မည်၊

- မည်သို့ အကဲခတ်စောင့်ကြည့်မည်၊

- စိတ်အားတက်ကြွအောင် မည်သို့လုပ်မည်၊

- ၎င်းတို့နှင့် အတူတကွ မည်သို့ တိုးတက်အောင်မြင်နိုင်မည်ကို လေ့လာနိုင်မည်၊

- ဆက်ခံသူများကို စနစ်တကျ ပျိုးထောင်နိုင်ရန် မည်သို့လုပ်ဆောင်ရမည်ကို သိရှိလာမည်၊

ထို့အပြင် Breakthrough Coaching, Training & Consulting မှ ပြုလုပ်တဲ့ အစီအစဉ်များရဲ့ ထူးခြားချက်ဟာ သင်တန်းတက်ယုံသက်သက်မဟုတ်ပဲ လက်တွေ့ကျပြီး အမှန်တကယ် အသုံးချနိုင်ပါတယ်။ သင်ဘာတွေ ဆက်လုပ်မယ့်ဆိုတဲ့ Action Plan များကိုလည်း သင်ကိုယ်တိုင် ရေးဆွဲပြီး ရရှိစေပါတယ်။ သင်နဲ့ သင့်လက်အောက်မှ ခေါင်းဆောင်များရဲ့ ခေါင်းဆောင်မှုအရည်အသွေးကို မြှင့်တက်လာစေခြင်းကြောင့် သင့်စီးပွားရေးလုပ်ငန်း တိုးတက်မှု အရှိန်အဟုန်ကို အားကောင်းစေနိုင်ပါတယ်။

 


 

တက်ရောက်သင့်သော သူများ

 

- Business Owners

- CEOs & Managing Directors

- Directors

- Department Heads

- Senior Managers

- Middle Managers

 


 

Breakthrough Coaching, Training & Consulting ရဲ့  ယခင်ပြုလုပ်ခဲ့သော အစီအစဉ်များကို တက်ရောက်သူအချို့ ၏ Feedback များ

 

ကျွန်တော် အခု program ကို သဘောကျမိတယ်။ ဒါဟာ Long term plan အတွက် အကျိုးရှိတယ်။ အခုပဲ ကျွန်တော် သိသွားတာက မိမိ organization ထဲမှာ အလားအလာရှိတဲ့ သူတွေကို ရှာဖွေဖို့ နည်းလမ်းတွေရယ်၊ ကျွန်တော်ဦးဆောင် တဲ့နေရာမှာ လိုအပ်ချက်တွေရှိတယ်။ အခုက ပိုပြီးပြည့်စုံသွားတယ်။ ကျွန်တော်ပိုသိသွားတာမို့ ကျွန်တော့် teamလဲ ပိုကောင်းသွားမှာပေါ့ဗျာ။ Leader တွေ မွေးထုတ်ဖို့ကတော့ ကြိုးစားရမယ့် နည်းလမ်းတွေက ဒီ program ထဲမှာ ပါနေပြီပဲ ဘာခက်လဲဗျာ။

 

Ko Thiha Paing

CEO

Via Myanmar Group Company

 

တိုးတက်နေသောခေတ် စနစ် နှင့် အညီ ဆောင်ရွက်နိုင်ပြီး အမှန်တိုးတက်အောင်မြင်စေနိုင်သော နည်းစနစ်များဖြစ်  ကြောင်းကို ကိုယ်တိုင်တက်ရောက်လေ့လာသိရှိခွင့် ရပါသောကြောင့် ၊ လုပ်ငန်းရှင်များနှင့် Executive Level တွင် တာဝန်ယူ ဆောင်ရွက်နေသူများ Breakthrough မှ ပေးသော သင်တန်းများ တက်ရောက်လေ့လာ အသုံးချသွားသင့်ပါ ကြောင်း ထောက်ခံရေးသားအပ်ပါသည်။

 

Ko Min Thane

General Manager

Popular Plastic Group

 

ကိုယ့်အတွက် အသုံးပြုနိုင်တဲ့ အသိပညာတွေ ရပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းတွေ ဘယ်လို မွေးထုတ်ရမယ်ဆိုတာကိုလဲ တတ်သိနားလည်ရလို့ အရမ်းကို ဝမ်းသာမိပါတယ်။ နောက်ထပ် သင်တန်းတွေလဲ တက်နိုင်အောင် ကြိုးစားမယ်။

 

Ma Yandanar Phyo

Director

Banner Gate Trading Co., Ltd.

 

အဖွဲ့အစည်းတစ်ခုအတွက် ခေါင်းဆောင်ကောင်းတွေ ထပ်မွေးထုတ်ဖို့လိုတာ သိနေသလို ကိုယ်တိုင်ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ ပြနမေးရမယ့် မေးခွန်းတွေ သိရပါတယ်။ အလားအလာရှိတဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတွေ၊ ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတဲ့ အချက်တွေ၊ ကိုယ်တိုင်ဘယ်လိုတိုးတက်အောင် ထပ်ကြိုးစားရမလဲ ဆိုတာတွေ သိရလို့ တကယ်ကို အကျိုးဖြစ်ထွန်းစေတဲ့ တက်သင့်တဲ့ သင်တန်းတစ်ခုပါ။

 

Ko Thet Zin Oo

Founder & Teacher

Shwe Bo Oo Boarding School

 

ခေါင်းဆောင်ကောင်းများတွင် ရှိအပ်သည့် အချက်အလက်များ စုံလင်စွာ ကာလတိုအတွင်း သိရှိခဲ့ပြီး၊ မိမိ၏ စရိုက်လက္ခဏာ အဖြစ်ပြောင်းလဲသုံးစွဲနိုင်ရန် အမြဲ လေ့ကျင့်သွားနိုင်မည် ဆိုပါက မိမိအတွက်၊ မိမိကုမ္ပဏီအတွက်သာမက မိမိနိုင်ငံအတွက်ပါ အကျိုးတရားများ ရရှိမည်ဟု ယုံကြည်မိပါသည်။

U Ye Htun Naing

Director

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ

 

မည်သူမဆို လက်တွေ့အသုံးချနိုင်သော သင်တန်းများကို နှစ်သက်ကြသလို သင်လည်း တူတူပဲ ဖြစ်မှာ သေချာပါသည်။

ယခုအစီအစဉ်ကို တက်ရောက်ခြင်းဖြင့် သင့်လုပ်ငန်း အဖွဲ့အစည်းအတွက် အကောင်းဆုံး ပြင်ဆင်မှုတစ်ရပ် ဖြစ်လာအောင် ဆောင်ရွက်နိုင်ပါသည်။

သင့်အနေနှင့် သင်တန်းတက်ရောက်ပြီး လက်တွေ့လုပ်ဆောင်ရမည့် အချက်များကို လိုက်နာဆောင်ရွက်သွားပါက နောက် ၃ နှစ်မှ ၅ နှစ်ကြာသည့်အချိန်တွင် ယခုအစီအစဉ်ကို တက်ရောက်ရန် သင်၏ ဆုံးဖြတ်ချက်သည် သင့်ဘဝအတွက် အမြဲတမ်း အမှတ်ရနေစရာ ဖြစ်နေပါလိမ့်မည်။

Developing The Leaders Around You 2 days Program ကို အပ်နံှနိုင်ရန် 

Breakthrough Company Limited
No. (24/26), (6-F) Floor, Race Course Condo, South Race Course Street, Tamwe Township, Yangon.
Phone: +959 765 222 103

ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.