Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

သင့်ကို အဆင့် နောက်တစ်ဆင့်အထိ ရောက်အောင် တိုးတက်ပြောင်းလဲစေမယ့် အချက် ၉ ချက် (သို့မဟုတ်) 9Rs

Breakthrough 9Rs

သင့်ကို အဆင့်နောက်တစ်ဆင့်အထိရောက်အောင် တိုးတက်ပြောင်းလဲစေမယ့် အချက် ၉ ချက် (သို့မဟုတ်) 9Rs

 

သင့်မှာ ရည်မှန်းချက်တစ်ခုခု ရှိနေပြီး အဲဒါကို ရယူဖို့ စိတ်အားထက်သန်နေတယ် မဟုတ်လား။

ဟုတ်တယ်ဆိုရင် သင့်ကို လူတစ်ယောက် သူလိုချင်တဲ့ ရသင့်တဲ့ Result ရဖို့ အဓိက လိုတဲ့ R ၉ လုံး အကြောင်းမျှဝေချင်ပါတယ်။

 

အဲဒါ 9Rs ကတော့ 

၁။ Result (ရလဒ်)

၂။ Reason (အကြောင်းရင်း)

၃။ Responsibility (တာဝန်ယူမှု)

၄။ Research (သုတေသနပြုလုပ်မှု)

၅။ Relationship (ဆက်စပ်ပတ်သက်မှု)

၆။ Reflection (ပြန်လည်သုံးသပ်မှု)

၇။ Resilience (ခံနိုင်ရည် ရှိမှု)

၈။ Reframing (ဘောင်အသစ် ပြင်ဆင်သတ်မှတ်မှု)

၉။ Recreation (အပန်းဖြေမှု)

 

9Rs ရှိလို့ အရာအားလုံးပြည့်စုံသွားမလားဆိုတာတော့ တခြားလိုတာတွေ ရှိနိုင်ပါသေးတယ်။

ဒါပေမယ့် သင်သာ ဒီ R ၉ လုံးကို စနစ်တကျလုပ်ပြီဆိုရင်တော့ ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိပဲ စိတ်ကူးထိုင်ယဉ်နေတဲ့သူအများစုနဲ့ ယှဉ်ရင် သင်ဟာ သင့်ရည်မှန်းချက်ကို ရောက်ဖို့အတွက် ခရီးတစ်ဝက်ကို ရောက်ထားပြီးသား ဖြစ်ပြီလို့ ပြောလို့ရမှာပါ။

အဲဒီအချက်တွေကို တစ်ချက်ချင်း အတူတူ စဉ်းစားကြည့်ရအောင်။

၁။ Result (ရလဒ်)

ဘာကိုပဲ စစ သင် ဘာရလဒ်ကို လိုချင်တာလဲကနေ စသင့်တယ်။ သင်အလုပ်အကြောင်း စဉ်းစားမှာလား၊ ဘဝအကြောင်းလား၊ ပညာရေးလား၊ အိမ်ထောင်ရေးလား စသဖြင့် အကြောင်းအရာတစ်ခုရွေးရမယ်။ ပြီးရင်တော့ အဲဒါနဲ့ ပတ်သက်ပြီး SMART Goal သတ်မှတ်ရမယ်။ ဆိုလိုတာကတော့ တိကျရမယ်၊ တိုင်းတာနိုင်ရမယ်၊ ရရှိနိုင်ရမယ်၊ ဆီလျော်မှုရှိရမယ်၊ အချိန်ကာလသတ်မှတ်ချက်ပါရမယ်။ ကျွန်တော် ၂၀၁၅ နိုဝင်ဘာက သတ်မှတ်ခဲ့တဲ့ ပန်းတိုင်တစ်ခုရှိတယ်။ 

ကျွန်တော် နိုင်ဝင်းအောင် ၂၀၁၈ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး တစ်လ အမြတ်ငွေ ------ ရရှိတဲ့ Coaching, Training & Consulting Business တစ်ခု ပိုင်ဆိုင်ရမယ်ဆိုတာမျိုးပေါ့။

သင့်မှာလည်း အဲဒီလို တိကျတဲ့ ပန်းတိုင်တစ်ခု ရှိရမယ်။ ကျွန်တော် အဲဒီလို ချမှတ်ပြီး လုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ Coaching Industry ကို ပထမဆုံး စတင်တဲ့သူဖြစ်လာတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အအောင်မြင်ဆုံး Coaching Firm ဖြစ်တဲ့ Breakthrough Coaching, Training & Consulting ကို တည်ထောင်လာနိုင်ခဲ့တယ်။

၂။ Reason (အကြောင်းရင်း)

သင်လိုချင်နေတဲ့ Result ရှိမယ်။ သင့်မှာလိုနေတာက အဲဒီ Result ကို ဘာကြောင့်လိုချင်တယ်။ ရသင့်တယ်။ ရရမယ်ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ လိုတယ်။ မဟုတ်ရင် အကြောင်းအမျိုးမျိုး ပြပြီး လုပ်ဖြစ်မှာ မဟုတ်ဘူး။ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိလာရင်တော့ မရရအောင် ကြိုးစားလိမ့်မယ်။ သူ့နောင်ရေးအတွက်လား၊ သားသမီးအတွက်လား လူတွေကို အကျိုးပြုဖို့လား၊ သူစိတ်ချမ်းသာဖို့အတွက်လား စတဲ့ အကြောင်းရင်းတွေ သေချာရှိဖို့ လိုတယ်။ အောင်မြင်မှုက လွဲရင် ရွေးချယ်စရာ မရှိတော့ဘူးလို့ သင့်စိတ်ထဲမှာ တကယ်ကို ယုံကြည်ပြီး တကယ်လုပ်ပြီဆိုရင် သင်မျှော်လင့်တဲ့ ရလဒ်ကို ရရှိလာလိမ့်မယ်။

၃။ Responsibility (တာဝန်ယူမှု)

သင်လိုချင်တဲ့ရလဒ်ကို ရဖို့အတွက် အရာအားလုံး သင့်မှာ တာဝန်ရှိတယ်ဆိုတဲ့ Mindset လိုတယ်။ လက်ရှိဖြစ်နေတာတွေ၊ ဖြစ်နေတာတွေ အားလုံးဟာ ငါ့ကြောင့်ဖြစ်တယ်။ ပိုကောင်းချင်ရင် ငါပြောင်းလဲမှ ရမယ်။ ငါ တာဝန်ယူမယ် အကောင်းဆုံးနည်းလမ်း၊ လက်တွေ့အကျဆုံး နည်းလမ်းကို ရှာပြီး လုပ်မယ်ဆိုတဲ့ စိတ်ရှိလာပြီဆိုရင် သူလိုချင်တဲ့ ရလဒ်ကို ရကိုရဖို့ အခွင့်အလမ်းများလာမှာ သေချာတယ်။ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်၊ ပတ်ဝန်းကျင်ကို အပြစ်တင်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ လူတစ်ယောက် သူ့ဘဝမှာ ဖြစ်နေတာတွေ အားလုံးဟာ သူ့တာဝန်လို့ ခံယူလိုက်တဲ့ အချိန်ဟာ သူ့ဘဝမှာ ရှိတဲ့အရာအားလုံးကို ပြောင်းလဲနိုင်မယ့် အချိန် ဖြစ်တယ်။

၄။ Research (သုတေသနပြုလုပ်မှု)

ပြောလို့လွယ်အောင် Research (သုတေသန) ပြုလုပ်ပါ ပြောပေမယ့် တကယ်တော့ သင့်ကို သင်လိုချင်တဲ့ ရလဒ်အတွက် ဘယ်လိုတွေ လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေဖို့ ဖြစ်တယ်။ ဘယ်မှာမှ သွားမရှာခင် အရင်ဆုံး သင်တစ်သက်တာရှိခဲ့တဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို အသုံးပြုပြီး ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းတွေကို အရင်ချရေးပါ။ သင်မသိသေးတာတွေ ရှိဦးမယ်။ အဲဒီတော့ သင်ဘာတွေ လုပ်ရမလဲဆိုရင် စာအုပ်တွေ ဖတ်ပါ။ သင်တန်းတွေ တက်ပါ။ သင့်ကို လမ်းပြပေးနိုင်မယ့် အတွေ့အကြုံရှိသူတွေကို ချဉ်းကပ်ပါ။ လေ့လာသင်ယူရမယ်။ လစဉ်တိုးတက်ရာ တိုးတက်ကြောင်းကို ကူညီပေးမယ့် Coach ငှားသင့်တယ်။

၅။ Relationship (ဆက်စပ်ပတ်သက်မှု)

ကျွန်တော်တို့ဟာ ကျွန်တော် အများဆုံး အချိန်ကို သုံးတဲ့လူ ၅ ယောက်ရဲ့ ပျှမ်းမျှအတိုင်း ဖြစ်လာတယ်လို့ Jim Rohn ကပြောပါတယ်။ နိစ္စဓူ၀ ကိုယ်ဘယ်သူတွေနဲ့ တွဲနေလည်းဆိုတာက အရေးကြီးပါတယ်။ ကိုယ်အပေါင်းအသင်းကောင်းကောင်းပေါင်းရင် သူတို့ဆီက ကောင်းတာလေးတွေ ကြားရမယ်၊ မြင်ရမယ်၊ ဗဟုသတရမယ်၊ အဆက်အသွယ်တွေရမယ်။ အရေးကြီးတာက ကိုယ်သွားချင်တဲ့လိုင်း ကိုယ်လိုချင်တဲ့ရလဒ်ကို ရအောင်လုပ်တဲ့နေရာတွေမှာ ရလဒ်ကောင်းကောင်း ရဖူးပြီးသားသူတွေနဲ့ နေခွင့်ရဖို့ ဖြစ်တယ်။ ပြီးရင် သူတို့ဆီကနေ နမူနာယူရမယ်။ သူတို့ဒီလို ဖြစ်လာအောင် ဘာတွေကို လုပ်ခဲ့လဲ။ ဘာတွေကို လေ့လာခဲ့လဲ။ ဘယ်သူတွေဆီကနေ လေ့လာခဲ့လဲ။ သူတို့ဘာတွေကို လုပ်လဲ၊ ဘာတွေကို ရှောင်ကြဉ်ကြလဲ ဒါတွေကို သိအောင်လုပ်ရမယ်။ ပြီးရင် ကိုယ်နဲ့ဆီလျော်အောင် ပြုပြင်ပြီး လိုက်နာကျင့်သုံးရမယ်။ 

၆။ Reflection (ပြန်လည်သုံးသပ်မှု)

အရေးပါတဲ့ ဆုံးရှုံးမှု မှန်သမျှဟာ အမှားလုပ်မိလို့ မဟုတ်ပဲ အမှားတစ်ခုကို အကြိမ်ကြိမ် ပြန်မှားလို့ ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ လူတွေ ဘာဖြစ်လို့ အဲဒီလို ပြန်မှားတာလဲ။ သူ သင်ခန်းစာ မယူမိလို့ဖြစ်တယ်။ ဘာဖြစ်လို့ သင်ခန်းစာ မယူမိတာလဲ။ သူ ပြန်မသုံးသပ်မိလို့ဖြစ်တယ်။ လူတော်တော်များများ ထင်ကြတာက အသက်အရွယ်ရလာပြီဆိုရင် အလိုလို ရင့်ကျက်လာမယ် အသိပညာရှိလာမယ် ထင်တတ်ကြတယ်။ တကယ်တော့ အဲဒါဟာ တကယ်တော့ မမှန်ပါဘူး။ တစ်ယောက်က ကြီးလာတာနဲ့ အမျှ ရင့်ကျက်မှုကို လိုချင်ရင် နေ့စဉ် လစဉ် နှစ်စဉ် ကာလအပိုင်းအခြား အလိုက် ပြန်သုံးသပ်ရမယ်။ 

အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးတိုင်း သင့်ကိုယ်သင် မေးသင့်တဲ့ မေးခွန်းနှစ်ခုက 

၁။ ငါဘာသင်ခန်းစာတွေ ရခဲ့သလဲ။
၂။ နောက်တစ်ခါကျရင် ပိုကောင်းအောင် ငါဘယ်လို လုပ်မလဲ။

၇။ Resilience (ခံနိုင်ရည်ရှိမှု)

အလုပ်လုပ်ရင် အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်။ ဒါတွေက အသေးအမွှားဖြစ်ပါတယ်။ ပိုပြီး ကြီးမားတာကတော့ ကိုယ့်ပိုင်ဆိုင်မှုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ဒါမှမဟုတ် အားလုံး ဆုံးရှုံးသွားတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ လူအများစုဟာ ဆိုးရွားတဲ့အခြေအနေတစ်ခု ကြုံရရင် ပြုတ်ကျသွားတဲ့နေရာမှာ ပြားကပ်သွားတတ်ပါတယ်။ အချို့သောသူတွေကတော့ အောက်ကိုကျတဲ့ အကွာအဝေးထက် ပိုမိုမြင့်မားစွာ ပြန်ခုန်တက်လာနိုင်ပါတယ်။ ကျွန်တော် ၂၀၁၂ ကနေ ၂၀၁၅ အတွင်းမှာ ဆိုးဆိုးဝါးဝါး အဆင်မပြေတာတွေ ကြုံခဲ့ရတယ်။ ၂၀၁၅ နှစ်လည်ပိုင်းမှာ စပြောင်းလဲတယ်၊ ၂၀၁၆ နှစ်လည်ပိုင်းမှာ စပြီး လမ်းကြောင်းပေါ် ရောက်လာတယ်။ အခုဆိုရင် အရင်အခြေအနေထက် အများကြီး ကျေနပ်စရာ ကောင်းတဲ့ဘဝကို ပိုင်ဆိုင်နေပါတယ်။

၈။ Reframing (ဘောင်အသစ် ပြန်လည် သတ်မှတ်မှု)

ဒီစကားလုံးက Neuro Linguistic Programming (NLP) နဲ့ Coaching ကို လေ့လာတဲ့အချိန်မှာ ရလာတာ ဖြစ်ပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့ ကြုံနေရတဲ့အဖြစ်အပျက်တစ်ခုမှာ ကောင်းတာ ဘာရှိတယ်ဆိုတာကို အကောင်းဘက်ကနေ ကြည့်ခိုင်းတာ ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင် အရင်လုပ်ငန်းကနေ ပြောင်းလုပ်သင့်တဲ့အခြေအနေကို ကြုံခဲ့ရတယ်၊ ကောင်းကတော့ အရင်က ကိုယ်က လူငယ်အနေနဲ့ စီနီယာရှယ်ယာဝင်တွေရဲ့ အရိပ်အောက်မှာ နေနေတာကနေ မိုးကုပ်စက်ဝိုင်းအသစ်တွေကို မြင်ကြည့်နိုင်တဲ့ အခြေအနေ ဖြစ်လာတယ်။ US ကို ၄ ကြိမ် သွားဖြစ်တယ်။ မြန်မာနိုင်ငံမှာ တစ်ကမ္ဘာလုံးက နာမည်အကြီးဆုံး Coaching & Leadership ဂရုတွေ ဖြစ်တဲ့ John C. Maxwell, Tony Robbins, Jack Canfield, Les Brown, John Mattone, Peter Chee အစရှိတဲ့သူတွေဆီကနေ သင်ယူထားနိုင်တဲ့ No.1 Business & Executive Coach ဖြစ်လာခဲ့တယ်။ အဆင်မပြေတဲ့ အခြေအနေတွေကို သင်အကောင်းဘက်က ကြည့်နိုင်ဖို့ ကြိုးစားရမယ်။

၉။ Recreation (အပန်းဖြေမှု)

ကိုယ်ကိုယ်တိုင် မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး Coaching Firm တစ်ခုကိုဖြစ်တဲ့ Breakthrough Coaching, Training & Consulting ကိုတည်ဆောက်ပြီး စီးပွားရေး လုပ်ငန်းရှင်များစွာကို Business Coaching ဝန်ဆောင်မှုပေးပြီးတဲ့နောက်မှာ သိလာတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ အရင်က ကျွန်တော်အပါအဝင် လူတွေမှာ Limiting Belief လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတဲ့ယုံကြည်မှုတွေ ရှိကြတယ်။ Coaching ကို စနစ်တကျလေ့လာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ဘာ Limiting Belief မှ မရှိတော့သလို Client တွေကိုလည်း မရှိအောင် ကူညီပေးလာနိုင်တယ်။ လုပ်သလောက်လည်း အောင်မြင်လာကြတယ်။ 

အဲဒီမှာ မေ့နေတာတစ်ခုက ကျွန်တော်တို့ စိတ်သွားတိုင်း မပါတဲ့အရာတစ်ခု ရှိတယ်ဆိုတာပဲ ဖြစ်တယ်။ ခန္ဓာကိုယ်က အနားယူဖို့ လိုလာတယ်။ ရုပ်ခန္ဓာရော၊ နာမ်ခန္ဓာရောပဲ။ အဲဒါကြောင့် လိုအပ်တဲ့ အနားယူမှုတွေ လိုအပ်လာတယ်။ နေ့စဉ်ဖြစ်စေ၊ အပတ်စဉ်၊ လစဉ် သင့်တင့်တဲ့ အပန်းဖြေမှုလေးတွေ လုပ်သင့်တယ်။ သီချင်းနားထောင်တာ၊ တီဗီကြည့်တာ၊ တရားထိုင်တာ၊ ခရီးသွားတာ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ စတာတွေ လုပ်ဖြစ်အောင် လုပ်ဖို့ အရေးကြီးလာပါတယ်။ အဲဒါကြောင့် သင်လည်း သင့်ကျန်းမာရေးအတွက် ထိုက်သင့်သလို စားသောက်နေထိုင်ဖို့၊ လိုအပ်သလို အနားယူဖို့ အစီအစဉ်ဆွဲစေချင်ပါတယ်။

သင်အခု ဘယ်ရလဒ်ကိုမဆို ရရှိဖို့အထောက်အပံ့ပေးမယ့် 9Rs ကို ဖတ်ပြီးသွားပါပြီ။ အခုစာဖတ်နေတဲ့ မိတ်ဆွေကို ကျွန်တော်အကြံပေးချင်တာက ဒီစာကို အစအဆုံး ပြန်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ ဖြစ်ပါတယ်။ 

ပြီးရင် လက်တွေ့အသုံးချပါ။ အဆင်ပြေတဲ့တစ်နေ့ ကျွန်တော်တို့ Breakthrough Coaching, Training & Consulting ကနေ ရန်ကုန်နဲ့ မန ္တလေးမှာ ပုံမှန်ဖွင့်ဖြစ်တဲ့ Transformational Leadership Journey (TLJ) သင်တန်းကို လာခဲ့ပါ။

 

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator 

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.