Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

International Leadership Academy (ILA) နဲ့ နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ ရေးထိုး

International-Leadership-Academy_940 (1).jpg

ဒီနေ့ ၅.၁၂.၂၀၁၆ မှာ ကျွန်တော်တို့ Breakthrough Coaching, Training & Consulting (BCTC) အနေနဲ့ နေပြည်တော်တွင် ဖွင့်လှစ်ထားသော International Leadership Academy (ILA) နဲ့ နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှ UBIS University နဲ့ ချိတ်ဆက်ထားတဲ့ International Leadership Academy အနေနဲ့ BBA Degree, MBA Degree Program များကို နေပြည်တော်ရှိ International Leadership Academy မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပြီး Ph.D Program များကိုပါ ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိပါတယ်။

MBA Program များကိုလည်း ကုမ္ပဏီများတွင် လုပ်ကိုင်သူများအတွက် လည်းကောင်း၊ အစိုးရဝန်ထမ်းများအတွက် လည်းကောင်း၊ ကာကွယ်ရေးဝန်ထမ်းများ အတွက် လည်းကောင်း၊ ဟိုတယ်ဝန်ထမ်းများအတွက် လည်းကောင်း မတူညီသော အစီအစဉ် ၄ ခု ရှိပြီး နှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

Breakthrough Coaching, Training & Consulting အနေနဲ့ နေပြည်တော်မှ

 စီးပွားရေးလုပ်ငန်းရှင်များ၊
 ဒါရိုက်တာများ၊ 
 မန်နေဂျာများ 
 အစိုးရဌာနများမှ အရာရှိများ၊ 
 ခေါင်းဆောင်မှုကို စနစ်တကျလေ့လာလိုသူများ၊ 
 စီးပွားရေး၊ အလုပ်အကိုင်နှင့် ဘဝတိုးတက်မှုကို ရရှိလိုသူများအတွက်

နေပြည်တော် ဥတ္တရသီရိရှိ Sinma Living Mall အဆောက်အဦတွင် ဖွင့်လှစ်ထားသော International Leadership Academy (ILA) တွင် Leadership Development 2 Days Program များကို ၂၀၁၇ အတွင်း ပုံမှန် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Accelerate Your Business Growth Momentum

Breakthrough Coaching, Training & Consulting မှ ပြုလုပ်သော Program များဟာ လက်တွေ့ကျပြီး အမှန်တကယ် အသုံးချနိုင်တယ်၊ ဘယ်လိုအသုံးချရမယ်ဆိုတဲ့ Action Plan တွေကိုလည်း ဆွဲရတဲ့အတွက် သင်တန်းပြီးသွားတဲ့အချိန်မှာ ရှေ့ဆက်လုပ်ဆောင်ရမယ့် အစီအစဉ်တွေပါ ရှိနေပြီး ဖြစ်စေပါတယ်။ ဒါ့အပြင် သင်နဲ့ သင့်အကြီးပိုင်းဝန်ထမ်းများရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို အမြင့်မားဆုံးအထိ ရောက်ရှိလာအောင် မြှင့်တင်ပေးခြင်းဖြင့် သင့်စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို အားကောင်းစေပါတယ်။

အခုလိုမျိုး International Leadership Academy (ILA) နဲ့ လက်တွဲပြီး မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာရှိတဲ့ လုပ်ငန်းရှင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဌာနဆိုင်ရာ အရာရှိများ၊ ဝန်ထမ်းများကို ခေါင်းဆောင်မှုအရည်အချင်းများကို မျှဝေခွင့်ရပြီး ဒေသတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ရာမှာ တစ်စိတ်တစ်ဒေသ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.