Skip to main content
Home Breakthrough

abnlp-myanmar.jpg

Main navigation

  • Home
  • About Us
    • Our Company
    • Key Personal
  • Public Programs
    • Leadership Development Programs
      • 15 Invaluable Laws of Growth
      • 21 Irrefutable Laws of Leadership
      • Leadership Gold
    • Personal Development Programs
    • Business Development Programs
  • Corporate Programs
  • Professional Coaching
    • Executive Coaching
    • Business Coaching
    • Personal Breakthrough Coaching
    • Neuro Linguistic Programming
  • News & Events
  • Articles
  • Contact Us

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ ပုဂံဘုရား၊ ပုထိုးများအတွက် အလှူဒါန

donation_2016_75085055_n.jpg

ဒီနေ့ ၁၉ .၁၂.၂၀၁၆ ဟာ ကျွန်တော်တို့ Breakthrough Coaching, Training & Consulting အတွက် အလွန်ကျက်သရေ မင်္ဂလာရှိသော နေ့ရက် တစ်ရက် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ ပုဂံဘုရား၊ ပုထိုးများအတွက် ကျွန်တော်တို့ ရည်မှန်းထားတဲ့အတိုင်း ကျွန်တော့်တစ်သက်တာအနေနဲ့ အများပြားဆုံး အလှူဒါနကို ပြုလုပ်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ Breakthrough Coaching, Training & Consulting အနေနဲ့ မိမိတို့ ကြိုးစားရှာဖွေထားသော ငွေကြေးများထဲမှ ငွေကျပ် ၂၆ သိန်းတိတိကိုလည်းကောင်း၊ သမာဓိကိုယ်ပိုင်အထက်တန်းကျောင်း (မိတ္ထီလာ)မှ ပါဝင်လှူဒါန်းငွေ ၃ သိန်းကျပ်တိတိနှင့် မြပန်ဝါကုမ္ပဏီလီမိတက်မှ သင်တန်းတက်ရောက်ကြသော ဝန်ထမ်းများမှ ထည့်ဝင်လှူဒါန်းငွေ ၂ သိန်း ၅ သောင်း ၅ ထောင် ကျပ် တိတိ ကို စုပေါင်း၍ စုစုပေါင်း ၃၁ သိန်း ၅ သောင်း ၅ ထောင်ကျပ်တိတိကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တဆင့် ပုဂံ ဘုရား၊ ပုထိုးများ ပြုပြင်မွမ်းမံရေးအတွက် ယနေ့ ၁၉ .၁၂.၂၀၁၆ တွင် လှူဒါန်းခဲ့ပါသည်။

ယခုကဲ့သို့ လှူဒါန်းရသော ကုသိုလ်စေတနာတို့ကြောင့်

၁။ Breakthrough Coaching, Training & Consulting တွင် တက်ရောက်ကြသော သင်တန်းသားများ၊ Coaching Client များ၊ အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးကြသူများ၊ Facebook မှ တစ်ဆင့် အားပေးကြသူများ အားလုံး လိုရာဆန္ဒများ ပြီးပြည့်စုံပြီး တန်ဖိုးရှိသော ဘဝများကို ပိုင်ဆိုင်နိုင်ပါစေ။

၂။ ကျွန်တော် ယခုလုပ်ငန်းကို စတင်တည်ထောင်ချိန်မှ စ၍ မညည်းမညူ အင်တိုက် အားတိုက် လုပ်ဆောင်ပေးကြတဲ့ Breakthrough Coaching, Training & Consulting အဖွဲ့သားများလည်း ယခုထက်ပိုမို၍ အောင်မြင်မှုများ ရရှိပါစေ။

၃။ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးရှိ နယ်မြေဒေသများအားလုံးတွင် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံသားများအားလုံးလည်း သက်တမ်းစေ့နေနိုင်ပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိကြပါစေ။

၄။ ဘဝ၊ ဘဝတွင် တော်စပ်ကြသော ဆွေမျိုး၊ မိတ်သင်္ဂဟအားလုံးလည်း ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

၅။ ကျွန်တော့်အနေနှင့်လည်း မိသားစုကို ကောင်းစွာစောင့်ရှောက်နိုင်ပြီး မြန်မာနိုင်ငံတော်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ရပါစေ။ သံသရာဝဋ်ဆင်းရဲနှင့် ဒုက္ခအပေါင်းကင်းဝေးရာ နိဗ္ဗာန်မဂ်ဖိုလ်သို့ အလျင်မြန်ဆုံး မျက်မှောက်ပြုနိုင်ပါစေ။

ထိုသို့လှူဒါန်းရသောကြောင့် ရရှိသောကုသိုလ်အဖို့ ဘာဂကို မြင်မြင်သမျှ၊ ကြားကြားသမျှ၊ သိသိသမျှ သော ဝေနေယျသတ္တဝါ အပေါင်းတို့အားလည်း အမျှပေးဝေပါ၏။

အမျှရကြ၍ ကိုယ်၊ စိတ်နှစ်ဖြာ၊ ကျန်းမာ ချမ်းသာ ရှိကြပါစေသတည်း။

အားလုံး ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ
အားလုံး ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ
အားလုံး ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ

Naing Win Aung - Executive Coach, 
Master Facilitator & Trainer
CEO & Founder 
Breakthrough Coaching, Training & Consulting

Search

Copyright © 2018 Breakthrough Company Limited Myanmar. All rights reserved.